DVB Logo
Home
မြန်မာသတင်း
မန္တလေးကျုံးအတွင်း ကလေး ၃ ဦး ငါးဆင်းဖမ်းရာမှ ၂ ဦး ရေနစ်သေဆုံး
DVB
·
August 26, 2018
မန္တလေးကျုံးအတွင်း ကလေး ၃ ဦး ငါးဆင်းဖမ်းရာမှ ၂ ဦး ရေနစ်သေဆုံး
Donate to DVB

မန္တလေးကျုံး အနောက်ဘက် လမ်း ၈ဝ နင့် ၁၂ လမ်းနဲ့ ၁၃ လမ်းကြားမှာ သြဂုတ် ၂၅ ညနေ ၅ နာရီဝန်းကျင်​က ကလေး ၃ ဦး ကျုံးရေထဲမှာ ငါးဆင်းဖမ်းရာ ၂ ဦး ရေနစ်သေဆုံးသွားတယ်​လို့ အမှတ် ၂ ရဲစခန်းကတာဝန်​ရှိသူက​ပြောပါတယ်​။

သူတို့သုံးဦးအနက် ၁၁ နှစ်အရွယ်  ကလေးက ငါးဆင်းဖမ်းရင်း ရေနစ်တာကို သိလို့ အချင်းချင်းဆင်းဆယ်ရာက​နေ ၃ ဦးစလုံး ရေနစ်ခဲ့ကာ ၁၁ နှစ်အရွယ် က​လေးငယ်​နဲ့ ၁၄ နှစ်အရွယ်က​လေး၂ ဦးဟာ သေဆုံးခဲ့ပါတယ်​။

“အဲဒီ က​လေးငယ်​​တွေက ကျောင်းသားလေးတွေပါဗျာ။ သူတို့ထဲက ခန့်စည်သူ ၁၂ နှစ် ကလေးကတော့ ဘာမှမဖြစ်ဘူး။ ကျန်တဲ့ ကလေး ၂ ယောက်တော့ ဆုံးသွားတယ်” လို့ အမှတ် ၂ နယ်မြေရဲစခန်းမှူး ဦးမျိုးညွန့်က ​ပြောပါတယ်​။

မီး​သတ်တပ်ဖွဲ့က ဆယ်ယူခဲ့ပြီး မန္တလေးဆေးရုံ ပို့ဆောင်ပေးခဲ့ပြီး အမှတ်​ ၂ နယ်​​မြေ ရဲစခန်းက​နေပြီး သေမှုသေခင်းအမှတ်​စဉ် ​(၂၉) နဲ့ စစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း - အောင်အောင်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013