DVB Logo
Home
မြန်မာသတင်း
လွှတ်တော်ကိုယ်စားလှယ် ၂ ဦးကို အရေးယူမည်ဟု အန်အယ်လ်ဒီပြော
DVB
·
August 26, 2018
လွှတ်တော်ကိုယ်စားလှယ် ၂ ဦးကို အရေးယူမည်ဟု အန်အယ်လ်ဒီပြော
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က လွှတ်တော်ကိုယ်စားလှယ် ၂ ဦးကို အရေးယူသွားမယ်လို့ ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေကို တိုင်ကြားမှုတွေအပေါ် စစ်ဆေးမှုတွေ ပြုလုပ်ပြီး ကိုယ်စားလှယ် ၂ ဦးကို အရေးယူဖို့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး (CEC) မှာ တင်ပြ အတည်ပြုခဲ့ပြီးဖြစ်တယ်လို့ ပါတီရဲ့ CEC အဖွဲ့ဝင်၊ တိုင်ကြားစာစီစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

“တိုင်ကြားစာ အစောင် ၂ဝ စစ်ဆေးပါတယ်။ အဲ့ဒီအထဲမှာ ၂ ဦးကိုတော့ အရေးယူဖို့ တင်ပြထားပါတယ်။ ဘယ်သူဘယ်ဝါဆိုတာတော့ ပြောခွင့်မရှိပါဘူး။ ပါတီအတွင်းကိစ္စ ဖြစ်နေလို့ပါ။ စည်းကမ်းထိန်းသိမ်းရေးက အရေးယူတာတွေလည်း ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရှိတယ်။ ရိုးရိုး အလုပ်အမှုဆောင်အဖွဲ့ဝင်တွေရှိပါတယ်။ အဓိကတော့ ပါတီစည်းကမ်း မလိုက်နာတာ၊ ပါတီရဲ့ ပုံရိပ်ကို ထိခိုက်ညှိုးနွမ်းစေတဲ့ လုပ်ဆောင်ချက်တွေရှိတာ ဒါတွေကို အထူးသဖြင့် အရေးယူပါတယ်။”

နေ့စဉ်နဲ့အမျှ တိုင်ကြားလာနေပြီး စစ်ဆေးမှုတွေကို ချက်ချင်းပြုလုပ်ကာ အနီးဆုံး CEC အစည်းအဝေးကို တင်ပြအတည်ပြုတာတွေ လုပ်ဆောင်တယ်လို့လည်း ဆိုပါတယ်။  

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် (CEC) အစည်းအဝေးကို သြဂုတ် (၂၅) ရက်နေ့ ညနေပိုင်းက နေပြည်တော်မှာရှိတဲ့ လွှတ်တော်ကိုယ် စားလှယ်တွေ နေထိုင်ရာ စည်ပင်ဧည့်ရိပ်သာ (၂ ) က စားရိပ်သာ (၅) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အစည်းအဝေးမှာ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဗဟိုအောင်နိုင်ရေးအဖွဲ့ကို နောက်ဆုံး အတည်ပြုချက်တွေ၊ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် နည်းဗျူဟာရေးဆွဲတာတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ ဖွဲ့စည်းတာတွေ၊ လူငယ်အစီရင်ခံစာအဖွဲ့က တင်ပြတာတွေကို ဆုံးဖြတ်အတည်ပြုတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

သတင်းနှင့်ဓာတ်ပုံ - ေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013