DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ဘူတာကြီးတွင် လက်တွန်းလှည်းများ အခမဲ့သုံးနိုင်ပြီ
DVB
·
August 25, 2018
ရန်ကုန်ဘူတာကြီးတွင် လက်တွန်းလှည်းများ အခမဲ့သုံးနိုင်ပြီ
Donate to DVB

ရန်ကုန်ဘူတာကြီးမှာ ကုန်ပစ္စည်းသယ်ပေးသူတွေက ခရီးသည်တယောက်ကို ပစ္စည်းသယ်ပေးပြီး ငွေကြေးမတန်တဆတောင်းတဲ့ ဖြစ်ရပ်အပြီး သြဂုတ် ၂၄ ရက်နေ့ကစလို့ လက်တွန်းလှည်း ၂၅ စီးကို အခမဲ့သုံးနိုင်ပြီလို့ မြန်မာ့မီးရထား တိုင်း ၇ သွားလာရေးဌာနက အထွေထွေ မန်နေဂျာ ဦးဇော်လွင်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
အမှတ် ၅ အဆန် အမြန်ရထားကစပြီး ခရီးသည်တွေရဲ့ တပိုင်တနိုင်ပစ္စည်းတွေ သယ်ယူရာမှာ လွယ်ကူစေဖို့ လက်တွန်းလှည်း ၂၅ စီးကို အခမဲ့အသုံးပြုနိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ပုံမှန်ဆိုရင်တော့ တွန်းလှည်းတွေကို အလုပ်သမားတွေက ယူသယ်ပေးတာ ဖြစ်ပြီး တစီးအတွက် အလုပ်သမားခ နှုန်းထားတွေဟာ အနည်းဆုံး ၇၀၀ ကျပ်ကနေ ၁၅၀၀ ကျပ် အထိ ဖြစ်ပါတယ်။
သြဂုတ် ၁၈ ရက် ညပိုင်းက ခရီးသည် အမျိုးသမီးတယောက်ရဲ့ ခရီးဆောင်အိတ် ၃ လုံးကို အပြာဝတ်ထားသူ ၆ ယောက်က သယ်ဆောင်ခအဖြစ် ၁၇၀၀၀ ကျပ် တောင်းခံပြီး ခြိမ်းခြောက်တာတွေလည်း လုပ်ခဲ့တာပါ။
အဲဒီအမျိုးသမီးက ဒီအကြောင်းကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ရေးသားလိုက်ပြီးနောက် အဲဒီ ၆ ယောက်ကို မီးရထားရဲတပ်ဖွဲ့က  ဖမ်းဆီးခဲ့ပါတယ်။

လက်ရှိမှာတော့ ၃ ယောက်ကို ထောင်ဒဏ် ၂ လ ချမှတ်ထားပြီး ကျန်၃ ယောက်ကို ပုဒ်မ ၈၈(က)၊ ၈၇(က) အပြင် ရာဇသတ်ကြီးပုဒ်မ ၃၈၆/၁၁၄ နဲ့ပါ တရားစွဲဆိုထားတယ်လို့ မြန်မာ့မီးရထား ရဲတပ်ဖွဲ့က ပြောပါတယ်။
ကျူးလွန်ခဲ့တဲ့ အမျိုးသား ၆ ယောက်ထဲမှာ မြန်မာ့မီးရထား ဝန်ထမ်းတယောက်လည်း ပါဝင်တယ်လို့ မီးရထားဌာနက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013