DVB Logo
Home
သတင်းဓာတ်ပုံ
ဖားဆောင်းနှင့် ရှားတောမြို့နယ်တို့တွင် ကေအန်ပီပီ ဆက်ဆံရေးရုံးဖွင့်
DVB
·
August 1, 2012
ဖားဆောင်းနှင့် ရှားတောမြို့နယ်တို့တွင် ကေအန်ပီပီ ဆက်ဆံရေးရုံးဖွင့်
Donate to DVB

ကရင်အနီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) နဲ့ အစိုးရတို့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ပြီးနောက် ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်နေပါတယ်။

ကေအန်ပီပီရဲ့ ပထမဆုံးဆက်ဆံရေးရုံးကို လွိုင်ကော်မြို့မှာ ဇူလိုင် ၂၅ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး ဇူလိုင် ၂၇ ရက်နေ့ ဖားဆောင်းမြို့နဲ့ ဇူလိုင် ၃၁ ရက်နေ့ ရှားတောမြို့တို့မှာ ဆက်ဆံရေးရုံးတွေ ဖွင့်လိုက်တာဖြစ်ပါတယ်။

ရုံးတာဝန်ခံတွေနဲ့ လုပ်ဆောင်မယ့်လုပ်ငန်းစဉ်တွေကို ကေအန်ပီပီရဲ့ လွိုင်ကော်ဆက်ဆံရေးရုံး တာဝန်ခံ  ခူးဒယ်နီယာက အခုလို ပြောပါတယ်။

“ရှားတောက စုစည်းရွာနဲ့ ရွာမရွာ ရှိတယ်။ စုစည်းရွာမှာ ကျနော်တို့ဖွင့်တယ်။ လောလောဆယ် ဆရာဘိုးရယ်ကို ထိုင်ခိုင်းထားတယ်။ ဖားဆောင်းမှာလည်း ဖားဆောင်းတပ် ခလရ ၁၃၅ မျက်နှာချင်းဆိုင်မှာ ဆရာ အူးကွယ် ထိုင်ခိုင်းထားတယ်။ ဆွေးနွေးချက် အချက် ၂၀အတိုင်း အကောင်အထည်ဖော်တဲ့သဘောပေါ့။ ဆက်ဆံရေးရုံးဖွင့်မယ်၊ နှစ်ဖက်တပ် အသွားအလာတွေ အသိပေးကြမယ်။ နောက်မှ လူထုအပေါ်မှာ အခွင့်အရေးချိုးဖောက်မှုတွေ လေ့လာမယ်၊ စောင့်ကြည့်မယ် ဒါတွေအကောင်အထည်ဖော်ဖို့ရှိပါတယ်။”

ကေအန်ပီပီနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့တို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပြီး အပစ်အခတ်ရပ်စဲရေးနဲ့ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ရေး အပါအ၀င် သဘောတူညီမှုတွေ ရရှိထားတာပါ။

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/shardaw/]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013