DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
August 25, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

 

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် ၁ အိတ်ကို ၄၁၇၀၀  ပေါက်ဈေးရှိပြီး ၁ အိတ်ကို ငွေကျပ် ၁၂၅ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၃၆၀၀၀ ကနေ ၄၅၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။  ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၁ အိတ်ကို ၃၃၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

 

ပဲစင်းငုံးနီ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက ၁ အိတ်ကို ၄၀၅၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးပွဲစား ကုန်သည်စက်ပိုင် အသင်းမှာတော့ ၁ အိတ်ကို ၃၇၀၀၀ ကနေ ၃၈၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၁ အိတ်ကို ၂၅၀၀ ဈေးကွာခြားမှုရှိပါတယ်။

 

စွန်တာပြာ

ရန်ကုန်ကုန်စည်ဒိုင်မှာ စွန်တာပဲက ၅၈.၂၅ ပိဿာဝင် ၁ အိတ်ကို ၇၃၆၅၀ ကနေ ၇၆၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၇၅၀၀၀ ကနေ ၇၇၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၁၀၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

 

ကုလားပဲ v2

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် ၁ အိတ်ကို ၈၀၀၀၀ ကနေ ၈၁၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၇၉၅၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေး နဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၁၅၀၀ ဈေးကွာခြားမှုရှိပါတယ်။

 

ပဲပုတ်

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲပုတ် (ဗမာ) က ၅၈.၂၅ ပိဿာဝင် ၁ အိတ်ကို ၈၀၀၀၀ ကနေ ၈၂၀၀၀ ပေါက်ဈေးရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၇၅၉၀၀ ကနေ ၇၇၂၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၃၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေး နဲ့ မြင်းခြံကုန်စည်ဒိုင် တစ်အိတ်ကို ၄၈၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

 

နှမ်းညို

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းညိုက ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၂၅၀၀၀ ကနေ ၁၂၇၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၂၄၉၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေး နဲ့ မြင်းခြံကုန်စည်ဒိုင် ၁ အိတ်ကို ၂၁၀၀ ဈေးကွာခြားမှုရှိပါတယ်။

 

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013