DVB Logo
Home
မြန်မာသတင်း
မဲဆန္ဒနယ် ၃ ခုတွင် ဝင်မပြိုင်၍ နိုင်ငံရေးပါတီတခုကို ရွေးကောက်ပွဲကော်မရှင် ဖျက်သိမ်း
DVB
·
August 25, 2018
မဲဆန္ဒနယ် ၃ ခုတွင် ဝင်မပြိုင်၍ နိုင်ငံရေးပါတီတခုကို ရွေးကောက်ပွဲကော်မရှင် ဖျက်သိမ်း
Donate to DVB

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ အနည်းဆုံး မဲဆန္ဒနယ် ၃ ခုမှာ ဝင်မပြိုင်လို့ဆိုပြီး နိုင်ငံရေး ပါတီတခုကို ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းတယ်လို့ ကြေညာလိုက်ပါတယ်။

ပြည်သူ့ဘဝဖွံ့ဖြိုးတိုးတက်ရေးပါတီကို လာမယ့်နိုဝင်ဘာ ၃ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အနည်းဆုံး မဲဆန္ဒနယ် ၃ ခုမှာ ဝင်မပြိုင်တာကြောင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားတာကနေ ပယ်ဖျက်ပြီး ပါတီကိုလည်း ဖျက်သိမ်းတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မနေ့က ရက်စွဲနဲ့ ကြေညာလိုက်တာပါ။

ပါတီရဲ့ အလုပ်အမှုဆောင်အဖွဲ့ အတည်ပြုစာကို ကော်မရှင်က ပြန်မပို့ရသေးဘူးလို့ ပြည်သူ့ဘဝဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်သန်းက ပြောပါတယ်။

“ကျနော်တို့က လာမယ့်ရွေးကောက်ပွဲမှာ ဝင်မပြိုင်နိုင်ပါဘူးလို့ အကြောင်းကြားထားပြီးသား။ ကျနော်တို့ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်စာရင်းတွေနဲ့ ပါတီဝင် စာရင်းတွေကို မေလမှာ နောက်ဆုံးထားပြီး ပေးထားတယ်။ ဒါကို အတည်ပြုတယ်ဆိုတာတောင် ဒီကနေ့အထိ အကြောင်းမပြန်သေးဘူး။ ပြီးတော့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့အတွက် ဇွန် ၂၀ ရက်နေ့မှာ စာပို့လာတယ်။ ဇူလိုင် ၂ ရက်နေ့မှာ ကိုယ်စားလှယ်လောင်းစာရင်းပေးရမယ်တဲ့။ ကျနော်တို့ကို အတည်ပြုတဲ့စာကတော့ မရောက်သေးဘူးလေ” လို့ ပြောပါတယ်။

ပါတီကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ မှတ်ပုံတင်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်တဲ့ နည်းဥပဒေအရ ပြည်ထောင်စုတဝန်းလုံးမှာစည်းရုံးဖို့အတွက် ဖွဲ့စည်းတဲ့ ပါတီဟာ မှတ်ပုံတင်ခွင့်ရတဲ့နေ့ကနေ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်အင်အား အနည်းဆုံး ၁၀၀၀ ကို ပြည့်မီအောင် စည်းရုံးပြီး ကော်မရှင်ကို တင်ပြရမယ်လို့ ဆိုပါတယ်။

မူလနည်းဥပဒေမှာတော့ အထွေထွေရွေးကောက်ပွဲမှာ ဝင်မပြိုင်မှ ပါတီဖျက်သိမ်းခံရမှာဖြစ်ပြီး နောက်ပိုင်း ဥပဒေကို ပြင်ဆင်လိုက်တဲ့အခါမှာတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်မပြိုင်ရင်လည်း ပါတီကို ဖျက်သိမ်းနိုင်တာ ဖြစ်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စာရင်းတွေအရ အနည်းဆုံး မဲဆန္ဒနယ် ၃ ခု ဝင်ရောက်မယှဉ်ပြိုင်လို့ ပယ်ဖျက်ခဲ့တဲ့ပါတီ ၈ ခု ရှိပြီး တခြားအကြောင်းအရာတွေနဲ့လည်း ဖျက်သိမ်းခဲ့တာတွေရှိလို့ အခုဆိုရင် ပါတီ ၁၅ ခုကို ဖျက်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိမှာတော့ တနိုင်ငံလုံးမှာ ပါတီပေါင်း ၉၄ ခု ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013