DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသူများအတွက် နှစ်ပတ်လည်အခမ်းအနား ကျင်းပ (ဓာတ်ပုံ)
DVB
·
August 25, 2018
အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသူများအတွက် နှစ်ပတ်လည်အခမ်းအနား ကျင်းပ (ဓာတ်ပုံ)
1 / 5
Donate to DVB

အကြမ်းဖက် တိုက်​ခိုက်​ခံရမှု​ကြောင့် ​သေဆုံးသွား​တဲ့ ပုဂ္ဂိုလ်​တွေအတွက်​ လှူဒါန်းအမျှ​ပေး​ဝေခြင်း နှစ်​ပတ်​လည်​အခမ်းအနားတရပ်​ကို စစ်​​တွေမြို့ အတုလမာရဇိန်​ပြည်​လုံးချမ်းသာဘုရားကြီးရင်​ပြင်​မှာ ဒီက​နေ့ ကျင်းပပါတယ်​။

ဒီအခမ်းအနားကို ရခိုင်​အမျိုးသားပါတီ ​အေအန်​ပီက ဦး​ဆောင်​ကျင်း ပခဲ့ကြတာဖြစ်​ပြီး ရခိုင်​လွှတ်​​တော်​ဥက္ကဋ္ဌ ဦးစံ​ကျော်​လှ၊ ပါတီတာဝန်​ရှိသူ​တွေ၊ ရပ်​မိရပ်​ဖ​တွေ၊ မြိုမျိုးနွယ်​စုဝင်​ ခမီမျိုးနွယ်​စုဝင်​​တွေတို့ ​ရောက်​ခဲ့ကြပါတယ်။

မောင်တောမြို့နယ်က ရဲကင်းစခန်း ၃ဝ ကျော်ကို ပြီးခဲ့တဲ့နှစ် သြဂုတ်၂၅ ရက်နေ့က ARSA အကြမ်းဖက်အဖွဲ့က ဝင်ရောက်စီးနင်း တိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲအပါအဝင် အရပ်သားတွေတချို့ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဟိန္ဒူ ၁ဝဝ ကျော် သေဆုံးခဲ့ရပါတယ်။

ARSA အကြမ်းဖက်အဖွဲ့ကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက လိုက်လံရှင်းလင်းရာကနေ ဒေသခံမွတ်စလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိခဲ့တယ်လို့ ကုလနဲ့ နိုင်ငံတကာက ပြောဆိုထားပါတယ်။ အဲဒီနောက်ပိုင်းမှာ ဒေသခံမွတ်စလင်တွေ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သိန်းနဲ့ချီ ထွက်ပြေး တိမ်းရှောင်းခဲ့ရပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013