DVB Logo
Home
မြန်မာသတင်း
ရွှေကျင်မြို့နယ် ဒုအုပ်ချုပ်ရေးမှူးကို အဂတိလိုက်စားမြှုဖင့် အမှုဖွင့်
DVB
·
August 25, 2018
ရွှေကျင်မြို့နယ် ဒုအုပ်ချုပ်ရေးမှူးကို အဂတိလိုက်စားမြှုဖင့် အမှုဖွင့်
Donate to DVB

တရားမဝင်ဘီယာဖာတွေ တင်ဆောင်လာသူထံက လာဘ်ငွေ ကျပ် ၂၅ သိန်း တောင်းခံခဲ့တဲ့ ရွှေကျင်မြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးသူကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လိုက်ပါတယ်။

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုအုပ်ချုပ်ရေးမှူး ဦးစိုးမိုးသူဟာ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်နေစဉ် ဖေဖော်ဝါရီ ၁၈ ရက်က ရွှေကျင်မြို့ ရွှေကျင်ချောင်းကူးတံတားအနီးမှာ တရားမဝင်ဘီယာတွေ တင်ဆောင်လာတဲ့ယာဉ်ကို သူဦးဆောင်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ ရွှေကျင်လူငယ်အဖွဲ့နဲ့ သတင်းမီဒီယာတွေ ပါဝင်တဲ့အဖွဲ့က ဖမ်းဆီးခဲ့တယ်။

ဒီနောက် ဦးစိုးမိုးသူဟာ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုပြီး ဘီယာတင် မော်တော်ယာဉ်ကိစ္စ ပြေလည်အောင် လုပ်ပေးမယ်ပြောပြီး ဘီယာပစ္စည်း ပိုင်ရှင်နဲ့ ကိုယ်စားလှယ်တွေထံကနေ သူ့အတွက် ငွေကျပ် ၂၅ သိန်း၊ ရွှေကျင် လူငယ်အဖွဲ့အတွက် ငွေကျပ် ၁ဝ သိန်းကို တောင်းခံရယူခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်လို့ ရွှေကျင်လူငယ်အဖွဲ့အတွက် တောင်းခံရယူထားတဲ့ ငွေကျပ် ၁ဝ သိန်းကိုပဲ ပြန်ပေးခဲ့တာ စစ်ဆေးပေါ်ပေါက်လို့ ဦးစိုးမိုးသူအပေါ် ၂ဝ၁၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ အရေးယူဆောင်ရွက်ပေးဖို့ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့မရဲစခန်းမှာ သြဂုတ် ၂၃ ရက်က ပထမ သတင်းပေးတိုင်ကြားချက်ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်တယ်လို့ အစိုးရသတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013