DVB Logo
Home
မြန်မာသတင်း
ရန်ကုန် မြို့ ပျက်ကြီးမဖြစ်ရေး အားလုံးတာဝန်ရှိဟု ၀န်ကြီးပြော
DVB
·
August 25, 2018
ရန်ကုန် မြို့ ပျက်ကြီးမဖြစ်ရေး အားလုံးတာဝန်ရှိဟု ၀န်ကြီးပြော
Donate to DVB

ရန်ကုန်မြို့ကို သာယာစိမ်းလန်းပြီး နေချင်စဖွယ်မြို့ဖြစ်အောင် အစိုးရက ကြိုပမ်းနေပြီး ရန်ကုန်မြို့ မြို့ပျက်ကြီး မဖြစ်စေဖို့ အားလုံးမှာ တာဝန်ရှိတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

သြဂုတ် ၂၄ ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဒုတိယ ၁ နှစ်တာ ရှင်းလင်းပွဲမှာ ရန်ကုန်မြို့ အခြေအနေနဲ့ ပက်သက်ပြီး မီဒီယာတွေရဲ့ မေးမြန်းမှုကို ပြန်လည်ပြောဆိုခဲ့တာပါ။

ဒီလိုကြိုးပမ်းဆောင်ရွက်တဲ့နေရာမှာ အစိုးရတခုတည်းမှာ တာဝန်ရှိတာမဟုတ်ဘဲ ရန်ကုန်မှာ နေထိုင်တဲ့ ပြည်သူအားလုံးမှာလည်း တာဝန်ရှိပြီး ဒီလိုမလုပ်ဆောင်ပါက မြို့ ပျက်ကြီး ဖြစ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

“တို့တတွေ အားလုံးကြီးစားကြရမှာပါ။ ရည်မှန်းချက်ပန်းတိုင်ဟာ နေချင်စဖွယ်မြို့ဖြစ်အောင် လုပ်ကို လုပ်ရပါမယ်။ အဲလိုမှ မလုပ်ဘူးဆိုရင် ဒီမြို့ကြီးဟာ မြို့ပျက်ကြီးဖြစ်သွားမှာပါ။ ဒီအတွက် အားလုံးဟာ ကြိုးကို ကြိုးစားရမှာပါ။ အဲဒီရည်မှန်းချက်ပန်းတိုင်ကို ထားပြီး အားလုံးရဲ့ရင်ထဲမှာ ဖြစ်ကို ဖြစ်အောင်လုပ်ရမယ်လို့ ဝိုင်းပြီးတော့ လုပ်ရမယ်။ ဒီနိုင်ငံ ဒီမြို့မှာ နေထိုင်တဲ့လူအားလုံးမှာ တာဝန်ရှိတယ်။ ကျနော်တို့မှာ တာဝန်ရှိတယ်။ ဒီအတွက် ဒီရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင် လုပ်ကို လုပ်ရမယ်။ အဲဒီဟာ ဘယ်တော့ရမလဲ။ ကျနော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ ဝိုင်းကြိုးပမ်းနိုင်တဲ့အချိန်၊ ကျနော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့အထိ လျှောက်ရမယ်။ ကျနော်တို့မှာ ပန်းတိုင်ရှိရမယ်။ ကျနော်တို့နိုင်ငံသူ နိုင်ငံသားတွေ အားလုံးရဲ့ရင်ထဲမှာ ဘယ်လိုဖြစ်အောင် လုပ်ကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ရှိသင့်ပါတယ်။ လူငယ်မျိုးဆက်တွေမှာ ပိုပြီးရှိသင့်ပါတယ်။ ဒါမှသာ ကျနော်တို့ နိုင်ငံ နောင်အနာဂတ်မှာ လူငယ်မျိုးဆက်တွေက ဆက်ပြီးသယ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။”

လျှပ်စစ်၊ ပို့ဆောင်ဆက်သွယ်ရေးအပိုင်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးပမ်းဆောင်ရွက်နေပြီး လျှပ်စစ်မီးလုံလောက်စွာ ပေးဝေနိုင်တဲ့အဆင့်ကို ရောက်ရှိနေပြီလို့လည်း ၀န်ကြီးချုပ်က ပြောပါတယ်။

YGN ကားလိုင်စင်ပြန်ပေးနိုင်ရေး စီစဉ်နေကြောင်း၊ ကားပါကင်တွေ ပြန်လည်သတ်မှတ်ပြီး ပါကင်ကြေး ကောက်ခံမယ့် ကိစ္စနဲ့ စည်းကမ်းမဲ့ရပ်နားသွားလာတဲ့ ယာဉ်တွေကို YCDC က ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ သန့်ရှင်းလှပပြီး စည်းကမ်းဥပဒေနှင့်ညီတဲ့ ရန်ကုန်မြို့တော်ကြီးဖြစ်ဖို့ သတင်းမီဒီယာတွေကလည်း ဘက်ပေါင်းစုံကနေ ဝိုင်းဝန်းကူညီပေးကြဖို့ ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013