DVB Logo
Home
မြန်မာသတင်း
လွှတ်တော်အဆောက်အဦ ဆေးသုတ်စရိတ် ပိုမိုတောင်းခံသည့် ၀န်ထမ်းများကို အရေးယူ
DVB
·
August 25, 2018
လွှတ်တော်အဆောက်အဦ ဆေးသုတ်စရိတ် ပိုမိုတောင်းခံသည့် ၀န်ထမ်းများကို အရေးယူ
Donate to DVB

လွှတ်တော်အဆောက်အဦတွေရဲ့ ဆေးသုတ်စရိတ်ပိုမိုတောင်းခံတဲ့ ဆောက်လုပ်ရေး ၀န်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူးအဆင့် အရာရှိတဦးအပါအ၀င် ၀န်ထမ်းတွေကို အရေး ယူထားတယ်လို့ ဆေးသုတ်စရိတ်ကို စစ်ဆေးတဲ့ကော်မတီအဖွဲ့က တာဝန်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောပါတယ်။
“လွှတ်တော်က ဝန်ကြီးဌာနကို အရေးယူဖို့ လွှဲလိုက်တယ်။ အခုမေးလိုက်တယ်၊ ဘယ်လို အရေးယူလဲဆိုတာ။ ဝန်ထမ်းကိုလည်း Fore to retire လုပ်တယ်။ သက်ဆိုင်ရာ ကုမ္ပဏီကို လည်း ကွာဟနေတဲ့ အခု ငွေပမာဏကို ပြန်သွင်းခိုင်းတယ်။ အငြိမ်းစားပေးခံရတာက ဒုညွှန်ချုပ် အဆင့်။ ကျန်တဲ့သူတွေကတော့ Demotion (ရာထူးအ လျော့ခံရ) လို့ ကြားတယ်” လို့ အဆိုပါ ကိုယ်စားလှယ်က ဆိုပါတယ်။

လွှတ်တော်အဆောက်အအုံတွေရဲ့ တံခါးတွေကို ပေါ်လစ်ဆေးသုတ်ဆေးသုတ်စရိတ် ကျပ်သိန်း ၅၈၀၀ ကုန်ကျခဲ့တာပါ။ ဒီကုန်စရိတ်ဟာ များပြားနေတာကြောင့် လွှတ်တော်ကိုယ် စားလှယ် ၇ ဦးပါဝင်တဲ့ ကော်မတီဖွဲ့ပြီး စစ်ဆေးခဲ့ပါတယ်။ ဒီပမာဏဟာ အမှန်တကယ် ကုန်ကျငွေထက် သုံးဆ ပိုမိုတင်ပြထားတာလို့ ဆိုပါတယ်။
လွှတ်တော်အဆောက်အဦတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်က မြို့ရွာနှင့်အိုး အိမ်ဦးစီးဌာန၊ လွှတ်တော်၊ အိမ်တော်ထိန်းသိမ်းရေးအဖွဲ့က တာဝန်ယူထိန်းသိမ်းတာဖြစ်ပါ တယ်။

ဝန်ထမ်းတွေကို အရေးယူထားတာနဲ့ပတ်သက်လို့ ဒီကနေ့ သြဂုတ် ၂၄ ရက်နေ့ ပြည် ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းကို မီဒီယာတွေက မေးမြန်းတာမှာတော့ ပြန်လည်ဖြေဆိုတာ မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013