DVB Logo
Home
မြန်မာသတင်း
မ​ကွေးမြို့တွင် ခြင်​​ဆေး​ခွေထွန်းရာမှ အ​ဆောက်​ဦ ၁ ​လုံး မီး​လောင်
DVB
·
August 25, 2018
မ​ကွေးမြို့တွင် ခြင်​​ဆေး​ခွေထွန်းရာမှ အ​ဆောက်​ဦ ၁ ​လုံး မီး​လောင်
Donate to DVB

မ​ကွေးမြို့ ကန်​သာရပ်​ကွက်​၊ ​မေတ္တာလမ်းမှာ သြဂုတ်​ ၂၄ ရက်​​နေ့ ည​နေ ၃ နာရီခွဲလောက်က ခြင်​​ဆေး​ခွေထွန်းရာက​နေ Myanmar Best Food & Beverage,Co;LTD ရုံးခွဲ အ​ဆောက်​ဦတစ်​လုံး မီး​လောင်​ခဲ့တယ်​လို့ မီးသတ်ဦးစီးဌာနက ပြောပါတယ်။

မီး​လောင်​​နေရာ အနီးနားရှိ ဦကိုကို​အောင်​က "အထဲမှာလှိုက်​​လောင်​ကာ အသံ​ထွက်​ပြီး မှန်​​တွေကွဲထွက်​လာမှ မီး​လောင်​မှန်း သိရပြီး​တော့ နီးစပ်​ရာ မီးသတ်​​ဆေးဘူး ဆွဲပြီးငြိမ်းသတ်​ခဲ့တယ်​။ အနီးနားပတ်​ဝန်း​ကျင်​ကလည်း ​ရေ​တွေနဲ့ ဝိုင်းပြီး ငြိမ်းသတ်​​ပေးကြတယ်​” လို့ ဒီဗွီဘီကို​ပြောပါတယ်​။

မ​ကွေးတိုင်း​ဒေသကြီး မီးသတ်​ဦးစီးဌာန ညွန်​ကြား​ရေးမှူး ဦး​အောင်​ဝင်းစိန်​က "ကုမ္ပဏီ မန်​​နေဂျာ ဦး​ကျော်​​ကျော်​ထက်​​အောင်​က အ​ဆောက်​ဦ ငှါးရမ်းပြီး အလုပ်​လုပ်​ကိုင်​ကာ ခြင်​​ဆေး​ခွေ ထွန်းရာက​နေ ​ဝေဖာမုန့်​​တွေ​ပေါ်ကျပြီး မီး​လောင်​ကျွမ်းတာဖြစ်​တယ်​။ မီးသတ်​ကား ၈ စီး၊ ​ရေသယ်​ယာဉ်​ ၂ စီးနဲ့ မီးသတ်​တပ်​ဖွဲ့ဝင်​​တွေ၊ အရန်မီးသတ်​တပ်​ဖွဲ့ဝင်​​တွေ သွား​ရောက်​ငြိမ်းသတ်​ခဲ့တာ ည​နေ ၄ နာရီ​လောက်​မှာ မီးငြိမ်းသတ်​နိုင်​ခဲပြီး ကျပ်​သိန်း ၃၀ ဖိုး​လောက် ​ဆုံးရှုံးခဲ့တယ်​” လို့ ဆိုပါတယ်​။

ဖြစ်​စဉ်​နဲ့ ပတ်​သတ်​လို ဦး​ကျော်​​ကျော်​ထက်​​အောင်​ကို မီးအား​ပေါ့ဆစွာ သုံးစွဲမှု ရာဇသတ်​ကြီးပုဒ်မ ၂၈၅ နဲ့ မ​ကွေးမြို့မရဲစခန်းမှာ အမှုဖွင့်အ​ရေးယူထားတယ်​လို့ သိရပါတယ်​။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013