DVB Logo
Home
မြန်မာသတင်း
တောင်ကြီး-သာစည်လမ်းတွင် အထောက်အထားမဲ့ ခနောက်စိမ်းများ ဖမ်းမိ
DVB
·
August 25, 2018
တောင်ကြီး-သာစည်လမ်းတွင် အထောက်အထားမဲ့ ခနောက်စိမ်းများ ဖမ်းမိ
Donate to DVB

တောင်ကြီး-သာစည်လမ်း ကျွဲတပ်ဆုံရွာအနီးမှာ သြဂုတ် ၂၃ ရက် ညသန်းခေါင်က ၁၂ ဘီကားနဲ့ တင်ဆောင်လာတဲ့ အထောက်အထားမဲ့ ခနောက်စိမ်းတွေ ဖမ်းမိခဲ့တယ်လို့ သာစည်မြို့မရဲစခန်းက ပြောပါတယ်။

ဖြစ်စဉ်မှာ တောင်ကြီးဘက်က အထောက်အထားမဲ့ ခနောက်စိမ်းတွေ ၁၂ ဘီးယာဉ်နဲ့ သယ်ဆောင်လာကြောင်း သတင်းရလို့ သာစည်မြို့နယ်ရဲတပ်ဖွဲ့က စောင့်ဆိုင်းဖမ်းဆီးခဲ့တာပါ။

နွားထိုးကြီးမြို့နယ် သာစည်ရွာနေ ကိုတင့်လွင်မောင်းပြီး မန်တုံမြို့နယ် လွယ်ခန်းရွာနေ ယာဉ်နောက်လိုက် မိုင်းစံညွှန်နဲ့ လွိုင်လင်မြို့ စက်မှုရပ်ကွက်နေ သတ္တုတူးဖော်ရေးနှင့် ပို့ဆောင်ရေးပုဂ္ဂလိက ကိုယ်စားလှယ် ကိုချစ်ကိုကိုဦးတို့ ၃ ဦး ပါလာတဲ့ ၁၂ ဘီးကားပေါ်မှာ အထောက်အထားမဲ့ ခနောက်စိမ်း ၃၃၅ အိတ်၊ ကီလိုဂရမ် ၁ သောင်း ၆ ထောင်ကျော် ဖမ်းမိခဲ့တာလို့ သာစည်မြို့မရဲစခန်း ဒုရဲအုပ် ဖြိုးကျော်ခိုင်က ပြောပါတယ်။

"ခနောက်စိမ်းသတ္တုရိုင်း ၁ အိတ်ကို ကီလိုဂရမ် ၅၀ အလေးချိန်ရှိတယ်။ တောင်ကြီးဘက်က သယ်လာပြီး မန္တလေးဘက်ပို့မယ် သိရတယ်" လို့ ဒီဗွီဘီကိုပြောပါတယ်။

သာစည်မြို့မရဲစခန်းမှာ ကိုတင့်လွင်ပါ ၃ ဦးကို မြန်မာ့သတ္တုတွင်းဥပဒေ ပုဒ်မ ၃၁ အရ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013