DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲများကို မဲဆန္ဒရှင်များက စိတ်ဝင်စားမှုနည်းနေဟု အန်အယ်လ်ဒီ ပြော
DVB
·
August 24, 2018
ကြားဖြတ်ရွေးကောက်ပွဲများကို မဲဆန္ဒရှင်များက စိတ်ဝင်စားမှုနည်းနေဟု အန်အယ်လ်ဒီ ပြော
Donate to DVB

မဲဆန္ဒရှင်တွေက ကြားဖြတ်ရွေးကောက်ပွဲတွေကို စိတ်ဝင်စားမှု နည်းနေသလို မဲလာမပေးသူ အများစုဟာလည်း အန်အယ်လ်ဒီ ထောက်ခံသူတွေ ဖြစ်နေတာ တွေ့ရတယ်လို့ ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာချက်အရ ဒီအချက်ကို တွေ့ရတာလို့ ဒေါက်တာမျိုးညွန့်က ဒီဗွီဘီနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွားတာပါ။

“မဲဆန္ဒရှင်များက ကြားဖြတ်ရွေးကောက်ပွဲတွေမှာ စိတ်ဝင်စားမှုနည်းတယ်။ မဲလာပေးသူ နည်းတယ်ဆိုတာ တွေ့ပါတယ်။ အထူးသဖြင့် အဲ့ဒီ မဲလာမပေးသူတွေဟာ အဖွဲ့ချုပ်ကို ထောက်ခံတဲ့သူတွေဘက်က အများဆုံး ဖြစ်နေပါတယ်။ ကိုယ့်ရဲ့ပြိုင်ဘက်တွေက မဲပိုရတာ မဟုတ်ဘဲနဲ့ ကိုယ့်ကို မဲပေးမယ့်သူတွေ မဲရုံမလာတဲ့အတွက် ကျနော်တို့ မဲလျော့ပြီး ရခဲ့တာကြောင့်လို့ သုံးသပ်ပါတယ်။”

သမ္မတဦးဝင်းမြင့်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်မှာ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ် အောင်နိုင်မှုရအောင် သေချာရွေးချယ် ပြင်ဆင်ထားတယ်လို့လည်း ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေကို စက်တင်ဘာ ၃ ရက်ကစပြီး မဲဆွယ်စည်းရုံးရေး ဆင်းခွင့်ပေးတော့မှာ ဖြစ်ပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက် ဒုတိယအကြိမ် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၁၃ ခုအတွက် ပါတီ ၂၄ ခုက ကိုယ်စားလှယ် ၆၉ ဦး ပါဝင်ယှဉ်ပြိုင်ကြမှာပါ။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ လစ်လပ်နေရာ ၁၉ နေရာမှာ အန်အယ်လ်ဒီက ၉ ဦး၊ တိုင်းရင်းသားပါတီတွေက ၈ ဦးနဲ့ ကြံ့ခိုင်ရေးပါတီက ၂ ဦး ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013