DVB Logo
Home
မြန်မာသတင်း
ထိုင်းမင်းသမီးနှင့်ဆင်တူသည့် မြန်မာအလုပ်သမလေး ရေပန်းစား (ရုပ်သံ)
DVB
·
August 24, 2018
ထိုင်းမင်းသမီးနှင့်ဆင်တူသည့် မြန်မာအလုပ်သမလေး ရေပန်းစား (ရုပ်သံ)
Donate to DVB



ခုရက်ပိုင်းတွင်း ထိုင်းလူမှုကွန်ရက်မှာ ထိုင်းရုပ်ရှင်မင်းသမီးတဦးနဲ့ မျက်နှာပေါက်ဆင်တူတဲ့ မြန်မာပြည်ဖွား ရှမ်းတိုင်းရင်းသူ ရွှေ့ပြောင်းအလုပ်သမား မိန်းကလေးတဦး အကြောင်း ရေပန်းစားနေပါတယ်။

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်မြို့၊ ကတ်ဆွန်ကယောက် ကုန်တိုက်ကြီးထဲမှာ ထိုင်းရုပ်ရှင်မင်းသမီး ဖလွဲချယ်မာလ်နဲ့ ရုပ်ချင်းဆင်တဲ့ အလုပ်သမား မိန်းကလေးတဦးရှိကြောင်း၊ အလွန်ချောမောလှပတဲ့အတွက် ကုန်တိုက်ထဲမှာ အလှဆုံးလို့ တင်စားခံရကြောင်း လူမှုကွန်ရက်မှာ ရေပန်းစားနေတဲ့အတွက် ဆနွတ်ခ် (Sanook) သတင်းဌာနက သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် နန်းဆောဝ်အမ်းဖိုင်း ခမ်းထူး ခေါ် နောင့်ဖိုင်းဟာ မြန်မာပြည် တောင်ကြီးမြို့နယ်က ရှမ်းတိုင်းရင်းသူတဦး ဖြစ်ပါတယ်။

နောင့်ဖိုင်းဟာ ဒီမတိုင်ခင်က တာချီလိတ်မှာ ဈေးကူရောင်းခဲ့ပြီး သူ့ရဲ့အဒေါ်က ချင်းမိုင်မှာ အလုပ်လာလုပ်ဖို့ ခေါ်တာကြောင့် ကတ်ဆွန်ကယောက် ကုန်တိုက်ကြီးမှာ သန့်ရှင်းရေးအလုပ် ဝင်လုပ်နေတာ ၂ နှစ်ရှိပြီလို့ သတင်းထောက်ကို ပြောပါတယ်။

ဈေးဝယ်လာသူတွေက သူမကို ထိုင်းရုပ်ရှင်မင်းသမီး ဖလွဲချယ်မာလ်နဲ့ ဆင်တူတယ်လို့ ပြောသလို သူကိုယ်တိုင်ကလည်း မင်းသမီးရဲ့ ပရိသတ်တဦးဖြစ်လို့ ကျေနပ်မိတယ်လို့ ပြောပါတယ်။

အပေါင်းအသင်းတွေက သူ့ကို အလှမယ်ပြိုင်ပွဲဝင်ဖို့ တိုက်တွန်းပေမယ့် ရှက်တတ်သူတဦးဖြစ်သလို ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုမရှိလို့ ဝင်မပြိုင်ဖြစ်ဘူးလို့ ဆိုပါတယ်။

သူဟာ အိမ်ထောင်မရှိသေးတဲ့ အပျိုတဦးဖြစ်ပြီး မွေးချင်းမောင်နှမ ၇ ဦးရှိကာ မိဘတွေကတော့ ကွယ်လွန်သွားပြီ ဖြစ်တဲ့အတွက် မောင်၊ ညီမလေးတွေကို ရှာဖွေ ထောက်ပံ့ပေးနေပါတယ်။

နောင့်ဖိုင်းဟာ အလုပ်ကြိုးစားပြီး တနေ့ကျရင် ကိုယ့်မြို့ကိုယ့်ရွာမှာ ကိုယ်ပိုင် အိမ်ဆိုင်လေးတဆိုင်  ဖွင့်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013