DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ဘဏ်က ဒေါ်လာ ၈၅ သန်း ကူညီထောက်ပံ့မည်
DVB
·
August 1, 2012
ကမ္ဘာ့ဘဏ်က ဒေါ်လာ ၈၅ သန်း ကူညီထောက်ပံ့မည်
Donate to DVB

ကမ္ဘာ့ဘဏ်က မြန်မာပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေအတွက် အမေရိကန်ဒေါ်လာ ၈၅  သန်းကို ထောက်ပံ့မယ့် အစီအစဉ်ကို ဒီနေ့ ကြေညာလိုက်သလို လာမယ့်နှစ်ဆန်းကစလို့ မြန်မာနိုင်ငံကို ပုံမှန်ချေးငွေအစီအစဉ် ပြန်လည်စတင်မယ်လို့ ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ကမ္ဘာ့ဘဏ်ရုံးခွဲဖွင့်ဖို့ ရန်ကုန်မြို့ ချတ်ထရီယမ်ဟိုတယ်မှာပြုလုပ်တဲ့ ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒု-ဥက္ကဌ မစ္စ ပါမီလာကော့က ပြောဆိုတာဖြစ်ပြီး ချေးငွေ ပြန်မေးမယ့်အစီအစဉ်ကတော့ ကမ္ဘာ့ဘဏ်ကို မြန်မာပြည်က ပေးဆပ်စရာရှိတဲ့ ချေးငွေ အမေရိကန်ဒေါ်လာ ၃၉၇ သန်းကို ပေးချေပြီးနောက် လာမယ်နှစ်ဆန်းပိုင်းကျမှ   ထုတ်ချေးမှာလို့ သူက ပြောပါတယ်။

ကမ္ဘာ့ဘဏ်ဟာ ၁၉၈၇ ခုနှစ်ကတည်းက မြန်မာပြည်ကို အထောက်အပံ့ပေးမှု ရပ်ဆိုင်းပြီးတဲ့နောက် အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုပြီး ချေးငွေ အစီအစဉ် ပေါ်လာတာပါ။

မြန်မာအနေနဲ့ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တွေကို ပေးဆပ်စရာရှိတဲ့ အကြွေးတွေကို ပြန်လည်ပေးဆပ်သွားရမှာဖြစ်တယ်လို့လည်း သူက ပြောဆိုပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ်ကို လည်း မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါးပေးရဖို့ရှိနေတာပါ။ အာရှဖွံ့ဖြိုးရေးဘဏ်ကလည်း ရန်ကုန်မှာ ရုံးခွဲလေးတခု ဖွင့်လှစ်ထားပြီးဖြစ်သလို မြန်မာပြည်ကို နည်းပညာအကူအညီပေးနိုင်ရေးအတွက် ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) ရုံးခွဲတခုကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖွင့်ထားပါတယ်။

အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒု-ဥက္ကဋ္ဌ မစ္စ ပါမီလာကော့က သတင်းစာရှင်းလင်းပွဲမှာ ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာပြည်တွေရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ အခြေခံပညာရေး စာသင်ကျောင်း၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေနဲ့ အခြားလိုအပ်ချက်တွေအတွက် ဒေါ်လာ ၈၅ သန်းကို ထောက်ပံ့သွားမယ်လို့  ပြောဆိုသွားပါတယ်။ အဲဒီထောက်ပံ့ငွေထဲက ဒေါ်လာ ၅ သန်းကို စစ်ဘေးဒုက္ခသည်တွေအတွက် လှူဒါန်းသွားမှာဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်အနေနဲ့ အမေရိကန်အပါအ၀င် အနောက်ဥရောပနိုင်ငံတွေရဲ့ စိးပွားရေးပိတ်ဆို့မှုတွေ ဖြေလျှော့ခဲ့တာနဲ့ မြန်မာပြည်ရဲ့ အဓိကကြွေးရှင် ဂျပန်နိုင်ငံက အကြွေး ၃.၇ ဘီလီယံကို ပေးလျော်ပစ်ခဲ့တာတွေကြောင့် ခုလို မြန်မာပြည်မှာ ရုံးဖွင့်ဖို့  စီစဉ်ခဲ့တာဖြစ်ပါတယ်။

သူရဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌတွေအပြင် လူမှုရေးအဖွဲ့အစည်းတွေနဲ့ လည်း တွေ့ဆုံခဲ့ပါတယ်။

မြန်မာအစိုးက ပွင့်လင်းမြင်သာမှုရှိမှသာ အနာဂတ် ပူးပေါင်လုပ်နိုင်မှာဖြစ်သလို မြန်မာပြည်က ကမ္ဘာဘဏ်ရုံးမှလည်း

ထောက်ပံ့မှုငွေတွေကို မီဒီယာကတဆင့် ပွင့်လင်းစွာ ထုတ်ပြန်သွားမှာဖြစ်တယ်လို့ မစ္စ ပါမီလာကော့စ်က ဆိုပါတယ်။

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/world bank/]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013