DVB Logo
Home
မြန်မာသတင်း
တိုင်ကြားခံထားရသည့် ရန်ကုန်ရှိ တရားရုံးများနှင့် ရဲစခန်းများကို ကွင်းဆင်းစစ်ဆေး
DVB
·
August 23, 2018
တိုင်ကြားခံထားရသည့် ရန်ကုန်ရှိ တရားရုံးများနှင့် ရဲစခန်းများကို ကွင်းဆင်းစစ်ဆေး
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးထဲမှာ အများဆုံးတိုင်ကြားခံထားရတဲ့ မြို့နယ်တရားရုံး၊ ဥပဒေရုံးနဲ့ ရဲစခန်း ၁၉ ခုတို့ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနဲ့ တိုင်ကြားစာ ၊ အသနားခံစာများ စိစစ်ရေး ကော်မတီက စတင် ကွင်းဆင်းစစ်ဆေးနေပါတယ်။

စီစစ်ရေးကော်မတီကို တိုင်ကြားစာ ပေးပို့ထားတဲ့ မြို့နယ် ၁၉ ခုထဲက မင်္ဂလာတောင်ညွန့်မြို့နယ်ကို သြဂုတ် ၂၁ ရက်က စတင်ကွင်းဆင်းခဲ့ပြီး သြဂုတ် ၂၃ ရက်မှာ  ဒေါပုံနဲ့ သာကေတက တရားရုံး၊ ဥပဒေရုံးနဲ့ ရဲစခန်းတွေကို စစ်ဆေးနေတာပါ။

တိုင်ကြားစာရောက်ရှိထားတဲ့ မြို့ နယ်တွေကို တရက် ၂ မြို့ နယ် စစ်ဆေးမှာ ဖြစ်ပြီး တိုင်ကြားစာတွေထဲမှာ တရားရုံးဆုံးဖြတ်ချက်တွေ ကြန့်ကြာတဲ့ ကိစ္စတွေ၊ ဥပဒေ အရာရှိတွေရဲ့ အမှုသည်တွေအပေါ် ကြမ်းတမ်းစွာဆက်ဆံတာတွေ အများဆုံးပါဝင်ပါတယ်။

တိုင်ကြားခံထားရတဲ့ မြို့နယ် ၁၉ ခုလုံးကို ကွင်းဆင်းစစ်ဆေးပြီးရင် ရရှိလာတဲ့ အချက်အလက်တွေကို တိုင်းဒေသကြီးလွှတ်တော်နဲ့ အစိုးရအဖွဲ့ကို အစီရင်ခံစာ ဆက်လက်တင်ပြသွားမယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းလွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနဲ့ တိုင်ကြားစာ၊ အသနားခံစာများ စိစစ်ရေးကော်မတီအနေနဲ့ အခုလို တရားရုံးနဲ့ ရဲစခန်းတွေကို ကွင်းဆင်းစစ်ဆေးတာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၆ ခုနှစ်ကလည်း ကိုးကိုးကျွန်းကလွဲပြီး မြို့နယ် ၄၄ မြို့နယ်ကို ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013