ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
August 23, 2018
မတ်ပဲ
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် တစ်အိတ်ကို ၄၀၀၀၀ ကနေ ၄၀၉၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ငွေကျပ် ၈၀၀ ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တစ်အိတ်ကို ၃၆၀၀၀ ကနေ ၄၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တစ်အိတ်ကို ၄၁၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ပဲစင်းငုံနီ
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တစ်အိတ်ကို ၃၉၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာလည်း တစ်အိတ်ကို ၃၆၀၀၀ ကနေ ၃၇၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးကွာ ခြားမှုရှိပါတယ်။
ကုလားပဲ v2
မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် တစ်အိတ်ကို ၇၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၅၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်အိတ်ကို ၇၈၃၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၂၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တစ်အိတ်ကို ၃၅၀၀ ကျပ်ဈေးကွာခြား မှုရှိပါတယ်။
ပဲဇီးကွက်
မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲဇီးကွက်က ၅၈.၂၅ ပိဿာဝင် တစ်အိတ်ကို ၈၀၀၀၀ ကနေ ၈၁၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်အိတ်ကို ၈၂၈၀၀ ပေါက်ဈေးရှိပြီး မန္တလေးနဲ့ ပခုက္ကူ ကုန်စည်ဒိုင် ကုန်စည်ဒိုင် တစ်အိတ်ကို ၁၈၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။
နှမ်းညို
မန္တလေးကုန်စည်ဒိုင်မှာ နှမ်းညိုက ၄၅ ပိဿာဝင် တစ်အိတ်ကို ၁၂၈၀၀၀ ကနေ ၁၃၂ ၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင် မှာတော့ နှမ်းညိုအသစ်က တစ်အိတ်ကို ၁၂၇၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၉၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တစ်အိတ်ကို ၄၅၀၀ ကျပ်ဈေးကွာခြားမှု ရှိပါတယ်။
ပဲကြီး
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲကြီးက ၅၅.၂၅ ပိဿာဝင် တစ်အိတ်ကို ၁၂၅၀၀၀ ကနေ ၁၅၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်အိတ်ကို ၁၂၃၀၀၀ ကနေ ၁၄၄၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် တစ်အိတ်ကို ၁၁၀၀၀ ဈေးကွာခြားမှုရှိပါတယ်။
အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA