DVB Logo
Home
မြန်မာသတင်း
နတ္တလင်းမြို့နယ်တွင် တာကျိုးပြီးကျေးရွာအချို့နှင့် လယ်ဧက ၃၆၀၀ ကျော်ရေနစ်မြုပ်
DVB
·
August 23, 2018
နတ္တလင်းမြို့နယ်တွင် တာကျိုးပြီးကျေးရွာအချို့နှင့် လယ်ဧက ၃၆၀၀ ကျော်ရေနစ်မြုပ်
1 / 4
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း နတ္တလင်းမြို့နယ်၊ တာပွန်မြို့ရှိ ရပ်ကွက်တချို့နဲ့ ကျေးရွာတချို့မှာ လယ်ဧက ၃၆၀၀ ကျော်ရေနစ်မြုပ်နေပါတယ်။

သြဂုတ် ၂၂ ရက် မနက် ၈ နာရီကျော်လောက်က တောင်ညိုချောင်းက တာပွန်မြို့နားက သူဌေးကုန်းဆည် အထက်နားကနေ တာကျိုးပေါက်ပြီး တာပွန်မြို့ထဲကို ရေစတင်ဝင်ရောက်သွားတာပါ။

လုပ်အားပေးနေတဲ့ တဲကြီးကုန်းကျေးရွာက ကိုစေနိုင်က  “စဖြစ်ဖြစ်ခြင်းက နှစ်ပေ လောက် တာစပေါက်ပြီး ရေက တလဟောဝင်လာတာ လူကြီးတွေကိုတော့ လှမ်းအကြောင်းကြားပြီး  ကျနော်တို့ ပိတ်ဖို့လုပ်နေတာ။ တဖြည်းဖြည်းနဲ့ အပေါက်က ပိုပိုကျယ်ပြီး ထပ်ပြီးပဲ့ပဲ့လည်နေကာ ရေကဒလဟောစီးဝင်နေတာ ဘယ်လိုမှ ပိတ်မရဘူး။ အခုတော့ ဌာနဆိုင်ရာတွေတော့ရောက်လာပြီ အပေါက်က အခု ပေ ၅၀ လောက်ဖြစ်သွားပြီ အခုကျနော်တို့  မျောစိုက်ပြီး သဲအိပ်နဲ့ ဖို့ဖို့ လုပ်နေပါပြီ”လို့ ပြောပါတယ်။

ရေက တာပွန်မြို့ထဲမှာ ညကထပ်ပိုတိုးလာနေပြီး လောလောဆယ် ရေနစ်နေတဲ့ ရပ်ကွက်တွေက နေအိမ် ၈၉ အိမ်၊ လူဦးရေ ၃၂၇ ယောက်တို့ကို ရေလွတ်ရာ ငါးထပ်ကြီး ဘုရားဝင်းထဲကို ရွေ့ပြောင်းထားလိုက်ရတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုမောင်မောင်ဦးက ရှင်းပြပါတယ်။

လတ်တလော ကယ်ဆယ်ကူညီရေးအဖွဲ့တွေဖြစ်တဲ့ တာပွန်မြို့ သာရေးနာရေး ပရဟိတအဖွဲ့၊ မီးသတ်၊ ရဲတပ်ဖွဲ့၊ ဒေသခံပရဟိတအဖွဲ့တွေစုပြီး ထမင်းထုပ်တွေ ဝေပေးဖို့ကိစ္စနဲ့ ရေဘေးသင့်သူတွေကို ရွေ့ပြောင်းပေးရေးကိစ္စတွေ ဦးဆောင်ကူညီပေးနေပါတယ်။

အဓိက ရေနစ်တဲ့နေရာတွေက တာပွန်မြို့က မြောက်ပိုင်းလမ်း၊ တက်နေမင်းလမ်း၊ မင်းတဲလမ်း၊ လယ်ပြင်လမ်း၊ စိန်တန်းလမ်းတွေနဲ့ မြောက်ပိုင်းရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်၊ အလယ်ပိုင်း ရပ်ကွက်တွေပါတယ်။

ဒီနေ့ သြဂုတ် ၂၃ ရက် မနက် ၁၀ နာရီအထိ ကောက်ယူစာရင်းအရ တာပွန်၊ ဇီးပင်ကွေ့၊ ကုန်းသာ၊ ပျဉ်းမကုန်း အုပ်စုတွေက လယ်ဧက ပေါင်း ၃၆၀၀ ကျော်ရေနစ်မြုပ်နေတယ်လို့ မြို့နယ် မြေစာရင်းဦးစီးမှူးထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013