DVB Logo
Home
မြန်မာသတင်း
ဟောင်ကောင်၌ လွှတ်တော်အမတ်နှင့် ဇေယျာဖြိုး၊ အောင်ဝင်းခိုင်တို့တွေ့ဆုံသည့်ကိစ္စ တရားရုံးစစ်ဆေး
DVB
·
August 23, 2018
ဟောင်ကောင်၌ လွှတ်တော်အမတ်နှင့် ဇေယျာဖြိုး၊ အောင်ဝင်းခိုင်တို့တွေ့ဆုံသည့်ကိစ္စ တရားရုံးစစ်ဆေး
Donate to DVB

ဟောင်ကောင်မှာ ပြည်သူ့လွှတ်တော်အမတ် ဦးလင်းဇော်ထွန်း၊ ဇေယျာဖြိုးနဲ့ ကိုအောင်ဝင်းခိုင်တို့ တွေ့ဆုံခဲ့ကြတဲ့အကြောင်းအရာတွေကို ဒီကနေ့မနက်ပိုင်းမှာ တရားရုံးမှာ စစ်ဆေးမေးမြန်းပါတယ်။

တရားလွှတ်တော် ရှေ့နေ ဦးကိုနီအသတ်ခံရတာနဲ့ပတ်သက်လို့  စွဲချက်တင်ခံထားရတဲ့ သူတွေကို ၆၉ ကြိမ်မြောက် အဖြစ် ဒီနေ့မြောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်စစ်ဆေးရာမှာ မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ ရုံးထုတ်စစ်ဆေးမှုမှာ စွဲချက်တင်ခံထားရတဲ့ ဇေယျာဖြိုးကို သူ့ရှေ့နေက ၃ ရက်ကြာ စစ်ဆေးအပြီး တရားလိုရှေ့နေဦးနေလက ပြန်လှန်မေးခွန်းအဖြစ် ဒီကနေ့ စစ်ဆေးခဲ့ တာပါ။

အဲဒီစစ်ဆေးမှုမှာ ဇေယျာဖြိုးနဲ့အောင်ဝင်းခိုင် ပတ်သက်မှု အကြောင်းအရာတွေနဲ့ ဟောင်ကောင်တွင် လွှတ်တော်အမတ် ဦးလင်းဇော်ထွန်း ကိုဇေယျာဖြိုး ကိုအောင်ဝင်းခိုင်တို့ တွေ့ဆုံခဲ့ကြတဲ့အကြောင်းအရာတွေကို ဒီကနေ့မနက်ပိုင်းမှာ စစ်ဆေးမေးမြန်းခဲ့ပါတယ်။

စွဲချက်တင်ခံထားရတဲ့ ကြည်လင်းနဲ့ အောင်ဝင်းဇော်တို့ကိုတော့ စစ်ဆေးမေးမြန်းပြီး ဖြစ်ပါတယ်။

ကိုဇေယျာဖြိုးကို စစ်ဆေးလို့ပြီးခဲ့ရင် ဒီအမှုရဲ့ ၄ တရားခံ ဖြစ်စွဲချက်တင်ခံထားရတဲ့ အောင်ဝင်းထွန်းကို ဆက်လက် စစ်ဆေးမေးမြန်းမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013