DVB Logo
Home
မြန်မာသတင်း
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က ရေဘေးအတွက် ကျပ်သိန်း ၄၀၀၀ ကျော် လှူဒါန်း
DVB
·
August 23, 2018
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က ရေဘေးအတွက် ကျပ်သိန်း ၄၀၀၀ ကျော် လှူဒါန်း
Donate to DVB

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)  တပ်ဖွဲ့ ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး အမြဲတမ်းကော်မတီက ရေဘေးသင့်ပြည်သူတွေ အတွက်  ကျပ်သိန်း ၄၀၀၀ ကျော်ကို လှူဒါန်းလိုက်ပါတယ်။

လှူဒါန်းငွေကို သြဂုတ် ၂၃ ရက်မှာ  ၀ ပြည်နယ်၊ လားရှိုးအခြေစိုက် ဆက်ဆံရေး ရုံးတာဝန်ခံ ဦးညီရန်းက ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းကတဆင့် ရန်ကုန်မှာ ပေးအပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ဝ ပြည်နယ်၊ လားရှိုးအခြေစိုက် ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပဋိပက္ခတွေ အသာထားပြီး ညီနောင်တိုင်းရင်းသားတွေ တွေ့ကြုံနေရတဲ့ ရေဘေးဒုက္ခကို ၀ိုင်းကူတာ ဖြစ်တယ်လို့ ပြောပါတယ်။

“နိုင်ငံရေး အတွေးအမြင်တွေ ပဋိပက္ခတွေ ခဏထားပြီးမှ  ကျနော်တို့ ညီနောင်တွေ စုပေါင်းပြီး တိုင်ပင်ပြီးမှ ဒါမျိုးလှူမယ်လို့ စိတ်ကူးပေါက်လို့ လာရောက်လှူဒါန်းခြင်း ဖြစ်ပါတယ်။”

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၇ ခုက စုစုပေါင်း လှူဒါန်းငွေက ကျပ် ၄၃၆,၆၈၁,၂၂၂  ဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၇ ဖွဲ့ထဲမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရက္ခိုင် အမျိုးသားအဖွဲ့ချုပ်(ULA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)၊ မြန်မာနိုင်ငံ အမှန်တရား နှင့် တရားမျှတသောအမျိုးသားပါတီ (MNTJP)၊ ရှမ်းပြည်တိုး တက်ရေးပါတီ (SSPP)၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (PSC)နဲ့ “ဝ” ပြည်သွေး စည်းညီညွတ်ရေးပါတီ (UWSP)တို့ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013