DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် မြစ်ရေကြီးပြီး ပြည်ထောင်စုလမ်းမကြီး ရေကျော်နေ
DVB
·
August 23, 2018
တနင်္သာရီတွင် မြစ်ရေကြီးပြီး  ပြည်ထောင်စုလမ်းမကြီး ရေကျော်နေ
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့မှာ မြစ်ရေမြင့်တက်တာဟာ သြဂုတ် ၂၂ ရက်နေ့မှာတော့ ပင်လယ်ရေမျက်နှာပြင်ထက် ၂၃ ပေ ၃ လက်မ ရှိနေပြီး အန္တရာယ်ရှိတဲ့ ရေမှတ်ထက် ၂ ပေ ၃ လက်မ ကျော်လွန်နေပါတယ်။

မြိတ်နဲ့  တနင်္သာရီမြို့ကို အဓိက ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးရဲ့ နေရာသုံးခုလောက်မှာ လမ်းပေါ် ရေကျော်မှုတွေ ဖြစ်နေလို့ စားနပ်ရိက္ခာ ထောက်ပံ့ဖို့ အခက်ခဲတွေ ရှိနေပါတယ်။

တနင်္သာရီမြို့မှာ မြစ်ရေမြင့်တက်လာတာဟာ ရက်ကြာမြင့်လာပြီ ဖြစ်တဲ့အတွက် ရေရှည်မှာ စားနပ်ရိက္ခာ အခက်အခဲအတွက် စိုးရိမ်နေရပြီး အဓိက ထောက်ပံ့မှုတွေ ပြုလုပ်နေတဲ့ မြိတ်မြို့နဲ့ ဆက်သွယ်ထားတဲ့ ပင်မကားလမ်းမကြီးတွေပေါ်မှာ ရေကျော်နေပါတယ်။

ဒါ့ကြောင့် ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်တဲ့နေရာမှာ အခက်အခဲတွေရှိနေပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေလည်း မလုပ်ဆောင်နိုင်သေးဘူးလို့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာတော့ ကယ်ဆယ်ရေးစခန်း ၁၀ ခု ဖွင့်လှစ်ထားပြီး ကယ်ဆယ်ရေးစခန်းမှာ အိမ်ထောင်စု ၂၇၀ ကျော်က လူဦးရေ ၁၃၀၀ ကျော် ရောက်ရှိနေကာ ရေဘေးသင့်ပြည်သူတွေကတော့ နီးစပ်ရာ ဆွေမျိုးတွေအိမ်မှာ နေထိုင်ကြတယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်ထဲမှာ မြစ်ရေမြင့်တက်လို့ ကျေးရွာသုံးဆယ်ကျော်က အိမ်ခြေ ၄၈၀၀ ကျော်နဲ့ လူဦးရေ ၂၄၀၀၀ ကျော် ရေဘေးသင့်မှု အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013