DVB Logo
Home
မြန်မာသတင်း
နာဂဒေသတွင် ကလေးငယ်များ ကူးစက်လွယ်ရောဂါ ဖြစ်ပွားနေ
DVB
·
August 22, 2018
နာဂဒေသတွင် ကလေးငယ်များ ကူးစက်လွယ်ရောဂါ ဖြစ်ပွားနေ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ဒုံဟီးတိုက်နယ်မှာ ကလေးငယ်တွေ ချောင်းဆိုးပြီး မျက်လုံးတွေ နီနေကြတဲ့ ကူးစက်လွယ်ရောဂါ ဖြစ်နေတယ်လို့ နန်းယွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ တပတ်လောက်ကစပြီး ဒုံဟီးမြို့ပေါ် အထက်တန်းကျောင်းသား ၂၃ ဦးဟာ ကိုယ်ပူ၊ ချောင်းဆိုးပြီး မျက်စိနီရောဂါဖြစ်ပွားလို့ တိုက်နယ်ဆေးရုံမှာ သွားရောက်ပြသခဲ့ပြီး ၁၂ ဦးကတော့ ရောဂါသက်သာသွားပြီ ဖြစ်ပါတယ်။

အဲဒီရောဂါဖြစ်တဲ့ ကလေးတွေက တခြားကလေးကို ကူးစက်တာ လွယ်တဲ့အတွက် ရောဂါဖြစ်တဲ့ ကလေးတွေကို ကျောင်းမတက်ခိုင်းသလို ရောဂါစဖြစ်တဲ့ ရွာတွေကိုလည်း တိုက်နယ်ဆရာဝန်ကိုယ်တိုင်  သွားရောက်ပြီး ကုသပေးနေတယ်လို့ သိရပါတယ်။

နန်းယွန်းမြို့နယ် လွှတ်တော်အမတ် ဦးစိမ်းမောင်က “ကျနော်တို့က ဒုံဟီးနယ်မှာ ဘယ်ရွာက စဖြစ်တာလဲ ဆိုပြီးတော့ စုံစမ်းတဲ့အခါမှာ ဝန်ရုတ်ဆိုတဲ့ရွာမှာ စဖြစ်တယ်လို့ ပြောတဲ့အခါကျတော့ တိုက်နယ်ဆရာဝန်က ချက်ချင်းပဲ အဲဒီနေရာမှာ သူကိုယ်တိုင် ကွင်းဆင်းပြီးတော့ ရောဂါလက္ခဏာ ဘယ်လိုရှိလဲ ဆိုတာကို စိစစ်နေပါတယ်။ အခု သူက ဒုံဟီးကို ပြန်မရောက်သေးတဲ့အတွက်ကြောင့် ဆက်သွယ်လို့ မရသေးဘူး” လို့ ပြောပါတယ်။

အဲဒီကျေးရွာဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက် ဆိုင်ကယ်နဲ့တဝက်၊ ခြေလျင်တဝက် လမ်းလျှောက်ရပြီး ဒုံဟီးကနေ တရက်ကြာ ခရီးသွားရတဲ့ဒေသ ဖြစ်ပါတယ်။

အဲဒီရောဂါဟာ ဘယ်လိုရောဂါလက္ခဏာ အမျိုးအစားလဲဆိုတာ အတည်မပြုနိုင်သေးသလို ရောဂါဖြစ်ပွားတဲ့ ကလေးတွေ သေဆုံးမှု မရှိသေးဘူးလို့လည်း ဦးစိမ်းမောင်က ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013