DVB Logo
Home
မြန်မာသတင်း
သတင်း​ထောက်​များကို ဆဲဆိုခြိမ်း​ခြောက်​ခဲ့သူအား အမှုဖွင့် အရေးယူ
DVB
·
August 22, 2018
သတင်း​ထောက်​များကို ဆဲဆိုခြိမ်း​ခြောက်​ခဲ့သူအား အမှုဖွင့် အရေးယူ
Donate to DVB

မ​ကွေးတိုင်း​ဒေသကြီး၊ ငဖဲမြို့နယ်​၊ ပဒါန်း​ကျေးရွာမှာ သြဂုတ်​ ၂၀ ရက်​​ ည​နေက သတင်းစာရှင်းလင်းပွဲမှာ သတင်းလာယူ​တဲ့ သတင်း​ထောက်​​တွေကို ဆဲဆိုခြိမ်း​ခြောက်သူကို  အမှုဖွင့်ထား​တယ်လို့ ငဖဲမြို့မရဲစခန်းက ပြောပါတယ်။

ငဖဲမြို့မစခန်းမှူး ဒုရဲမှူးမိုး​ဇော်​က "​ပဒါန်းလမ်းဆုံက ​ကောင်းထက်​စံ စား​သောက်​ဆိုင်​မှာ လမ်း​မြေဧရိယာ​ပေါ်မှာ အ​ဆောက်​ဦ ​ဆောက်​ထားတဲ့ကိစ္စ ​ဒေသခံပြည်​သူ​တွေက သတင်းမီဒီယာ အသီးသီးကို ဖိတ်​ကြားပြီး သတင်းစာရှင်းလင်းပွဲ လုပ်​ကြတယ်​။ ရှင်းလင်းပွဲ အပြီးမှာ လမ်း​မြေကို ကျူး​ကျော်​​ဆောက်​လုပ်​ထားခြင်း ရှိမရှိ သတင်းဓာတ်​ပုံ ရိုက်​ကူး မှတ်​တမ်းယူ​နေချိန်​မှာ မိုဘိုင်းစတားဖုန်းဆိုင်​ အုတ်​တံတိုင်း နံရံ​ပေါ်က​နေ ပဒါန်း​ကျေးရွာ ​ကျောက်​တန်း​လေးရပ်​မှာ​နေတဲ့ သားကြီး​ (​​ခေါ်) ​နေမင်းက သတင်း​ထောက်​​တွေကို ဆဲဆိုကြိမ်း​မောင်း ခြိမ်း​ခြောက်​တယ်​ဆိုပြီး လာ​ရောက်​တိုင်​ကြားတဲ့အတွက်​ အမှုဖွင့် အ​ရေးယူ​ ဆောင်​ရွက်​ထားပါတယ်​” လို့ ဒီဗွီဘီကို ​ပြောပါတယ်​။

ပဒါန်း​ကျေးရွာ အမှတ် ​၃ ရပ်​ကွက်​ လမ်း​မြေဧရိယာ​ပေါ်မှာ မိုဘိုင်းစတားဖုန်းဆိုင်​က ကျူး​ကျော်​ပိတ်​ဆို့ ဆောက်​လုပ်​ထားတာကို ဝန်​ကြီးချုပ်​ဆီ တိုင်​ကြားထားတာနဲ့ ပတ်​သက်​ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်​ခဲ့တာပါ။

မ​ကွေးမြို့ခံ သတင်း​ထောက် ဦး​အောင်​သက်​ပိုင်​က “မိန်းက​လေး သတင်း​ထောက်​​တွေလည်း ပါတယ်​။ ရှင်း​လင်းပွဲအပြီး ​ဓာတ်​ပုံမှတ်​တမ်းယူ​နေတဲ့ အချိန်​မှာ ဆဲဆိုခြိမ်း​ခြောက်​တာ​။ ကျနော်​တို့က ဒီတိုင်းထားမယ်​ဆိုရင်​ အသက်​အန္တရာယ်​ကို ရန်​မမူဘူးလို့ မ​ပြောနိုင်​ဘူး။ အဲဒါ​ကြောင့် သတင်း​ထောက်​အားလုံးရဲ့ကိုယ်​စား တရားလိုလုပ်​ပြီး ဥပ​ဒေနဲ့အညီ အ​ရေးယူ​ ဆောင်​ရွက်​နိုင်​ဖို့ အမှုဖွင့်ခဲ့တာ" လို့ ပြောပါတယ်။

ဖြစ်​စဉ်​နဲ့ပတ်​သက်​လို့ သားကြီး (ခ) ​နေမင်းကို ငဖဲမြို့မရဲစခန်းမှာ ဆဲဆိုခြိမ်း​ခြောက်​မှု ရာဇသတ်​ကြီးပုဒ်မ ၂၉၄/၅၀၆ နဲ့ အမှုဖွင့် အ​ရေးယူ​ဆောင်​ရွက်​ထားတယ်​လို့ ငဖဲမြို့မရဲစခန်းက သိရပါတယ်​။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013