DVB Logo
Home
မြန်မာသတင်း
ပြည်ပကတင်သွင်းသည့် စက်သုံးဆီများကို စစ်ဆေးပြီး အရည်အသွေးမှန်မှ ဖြန့်ဖြူးခွင့်ပြုမည်
DVB
·
August 22, 2018
ပြည်ပကတင်သွင်းသည့် စက်သုံးဆီများကို စစ်ဆေးပြီး အရည်အသွေးမှန်မှ ဖြန့်ဖြူးခွင့်ပြုမည်
Donate to DVB

ပြည်ပကတင်သွင်းတဲ့ စက်သုံးဆီတွေနဲ့ ချောဆီတွေကို  စက်တင်ဘာ ၁ ရက်ကစလို့ တင်သွင်းတဲ့ အကြိမ်တိုင်း နမူနာရယူပြီး အရည်အသွေး ဓာတ်ခွဲစမ်းသပ်စစ်ဆေးသွားမယ်လို့ မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းက ကြေညာပါတယ်။

စက်သုံးဆီတွေရဲ့ အရည်အသွေး မှန်ကန်မှုရှိမှသာ ထုတ်ယူဖြန့်ဖြူးသုံးစွဲခွင့် ပြုမယ်လို့လည်း သက်ဆိုင်ရာဌာနက အသိပေးကြေညာထားပါတယ်။

ပြည်ပက တင်သွင်းတဲ့ စက်သုံးဆီတွေရဲ့ အရည်အသွေး ကောင်းမွန်မှန်ကန်မှု ရှိစေဖို့နဲ့ သုံးစွဲတဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှု ပိုမိုရရှိစေဖို့အတွက် ရည်ရွယ်လုပ်ဆောင်တာလို့ ဆိုပါတယ်။

အရင်က ပုဂ္ဂလိလုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေ ပြည်ပက တင်သွင်းတဲ့ စက်ဆီချောဆီတွေကို  ပထမအကြိမ် တင်သွင်းမှုကိုသာ နမူနာယူ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးတာ ဖြစ်ပေမယ့် ခုတော့ တင်သွင်းတဲ့ အကြိမ်တိုင်းကို စမ်းသပ်စစ်ဆေးတော့မှာ ဖြစ်ပါတယ်။

လတ်တလော မြန်မာပြည်တွင်းမှာ ဒေါ်လာဈေးတွေ စံချိန်တင်မြင့်တက်လာပြီးနောက် စက်သုံးလောင်စာဆီဈေးတွေဟာလည်း  တရိတ်ရိတ် မြင့်တက်လာနေတာပါ။

ရန်ကုန်က ဓာတ်ဆီဆိုင်တွေမှာ  လောင်စာဆီဈေးနှုန်းတွေဟာ ဒီနေ့ သြဂုတ် ၂၂ ရက် မနက်ရောင်းဈေးက အဆင့်မြင့် ရိုးရိုးဒီဇယ် ၁ လီတာကို ၉၆၅ကျပ်၊ ပရီမီယံ ဒီဇယ် ၁ လီတာကို  ၉၇၅ ကျပ်၊ အောက်တိန်း (၉၂) ၁ လီတာကို ၉၃၅ ကျပ်နဲ့ အောက်တိန်း (၉၅) ၁ လီတာကို ၉၈၅ ကျပ် အသီးသီးဖြစ်ပါတယ်။

မန္တလေးတိုင်း စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်းကတော့ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်ကစပြီး ဒီဇယ်နဲ့ အောက်တိန်း (၉၂) ၁ လီတာကို ၁၀၀၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၁ လီတာကို ၁၀၁၀ ကျပ်နဲ့ အောက်တိန်း (၉၅) ၁ လီတာကို ၁၀၅၀ နဲ့ ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပြီး အရှုံးနည်းအောင်ခုလို ဆီးဈေးတင်လိုက်တာလို့ အသင်းဥက္ကဋ္ဌ ဦးသက်ဝေက ဒီဗွီဘီကို ပြောပါတယ်။

ဓာတ်ပုံ-Karobar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013