DVB Logo
Home
မြန်မာသတင်း
သီးနှံဖျက် ငမြှောင်တောင်ပိုး တွေ့ရှိပါက ချက်ချင်းအကြောင်းကြားရန် တိုက်တွန်း
DVB
·
August 22, 2018
သီးနှံဖျက် ငမြှောင်တောင်ပိုး တွေ့ရှိပါက ချက်ချင်းအကြောင်းကြားရန် တိုက်တွန်း
Donate to DVB

အာရှနိုင်ငံတခုဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ တွေ့ရှိနေပြီဖြစ်တဲ့ သီးနှံဖျက်ပိုးတမျိုးဖြစ်တဲ့ ငမြှောင်တောင်ပိုးကို မြန်မာနိုင်ငံမှာ တွေ့ရှိပါက ချက်ချင်းတင်ပြဖို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနရဲ့ သီနှံကာကွယ်ရေးဌာနက တိုက်တွန်းနိုးဆော်လိုက်ပါတယ်။

ငမြှောင်တောင်ပိုးဟာ ပြောင်းနဲ့ တခြားအဓိက သီးနှံတွေဖြစ်တဲ့ စပါး၊ မြေပဲ၊ ဟင်းသီးဟင်းရွက်နဲ့ သီးနှံအပါအ၀င် သီးနှံအမျိုးပေါင်း ၈၀ ကျော် ဖျက်ဆီးနိုင်တဲ့အပြင် တညအတွင်း ကီလိုမီတာ ၁၀၀ အထိ ပျံသန်းနိုင်စွမ်းရှိကြောင်း ဖော်ပြထားပါတယ်။

ဒီလို လျင်မြန်စွာ ပျံ့သန်းနိုင်တဲ့ပိုးကို ထိရောက်စွာ နှိမ်နင်းနိုင်ခြင်း မရှိပါက သီးနှံထွက်နှုန်းကို ထိခိုက်စေနိုင်တဲ့အပြင် စားနပ်ရိက္ခာဖူလုံမှုအပေါ် သက်ရောက်နိုင်တဲ့ အလားအလာတွေ ရှိတဲ့ ဖျက်ပိုးဖြစ်ကြောင်း ဖော်ပြပါတယ်။

လက်ရှိမှာတော့ အဲဒီ ငမြှောင်တောင်ပိုးကို အိန္ဒိယနိုင်ငံမှာ တွေ့ရှိနေပြီဖြစ်ပြီး အဲဒီကနေ ဆင့် တရုတ်နိုင်ငံတောင်ပိုင်းဒေသတွေကို ပျံ့နှံ့နိုင်သလို အိန္ဒိယနိုင်ငံနဲ့ ထိစပ်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ ပျံ့နှံ့ဝင်ရောက်နိုင်တဲ့အတွက် ထိရောက်စွာနှိမ်နင်းနိုင်ဖို့ တွေ့ရှိတာနဲ့ သီးနှံကာကွယ်ရေးရုံးချုပ်ကို တင်ပြဖို့ သတိပေးထားပါတယ်။

ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်၊ မိုင်းလီကျေးရွာအုပ်စု ပန်ခမ်းရွာနဲ့ မိုင်းလီကျေးရွာမှာ ပြောင်းစိုက်ခင်းထဲ ပိုးတွေကျလို့ ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်က သက်ဆိုင်ရာ မြေစာရင်းရုံး၊ စိုက်ပျိုးရေး ရုံးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့အတူ နယ်မြေထဲ ကွင်းဆင်းစစ်ဆေးရာမှာ ပြောင်းဖူး ၁ ပင်ကို ငမြှောင်တောင်ပိုး အကောင် ၅၀ – ၆၀ လောက် တွယ်ကပ်နေတာ တွေ့ရှိရတယ်လို့  သိန္နီမြို့နယ် SNLD အမတ် ဒေါ်နန်းခင်ထားရီက သူမ လူမှုကွန်ရက်စာမျက်နှာမှာ ရေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013