DVB Logo
Home
မြန်မာသတင်း
ကျိုက်ဝိုင်းဘုရားဝတ္တကမြေတွင် အဆောက်ဦဆောက်လုပ်မှု ကန့်ကွက်မည်
DVB
·
August 22, 2018
ကျိုက်ဝိုင်းဘုရားဝတ္တကမြေတွင် အဆောက်ဦဆောက်လုပ်မှု ကန့်ကွက်မည်
Donate to DVB

ကျိုက်ဝိုင်းဘုရားဝတ္တကမြေမှာ ဧည့်နိုင်ငံသားကတ် ကိုင်ဆောင်ထားသူက ခွင့်ပြုမိန့်မရှိဘဲ အဆောက်ဦ ဆောက်လုပ်ထားတာဟာ ဥပဒေနဲ့ ငြိမ်စွန်းတဲ့အတွက် ကန့်ကွက်သွားမယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်၊ အမှတ် ၄၄ ကို ဧည့်နိုင်ငံသားကတ် ကိုင်ဆောင်ထားသူ ဦးရှောက်ဆန်းဆိုသူက အဆောက်ဦ ဆောက်လုပ်ခွင့် လျှောက်ထားကြောင်း YCDC က သြဂုတ်လ ၁၉ ရက်နေ့က ကြေညာခဲ့ပြီး ၁၅ ရက်အတွင်း ကန့်ကွက်နိုင်တယ်လို့  ဖော်ပြထားပါတယ်။

အခုလို ခွင့်ပြုချက် မရသေးဘဲ ဆောက်လုပ်ထားတဲ့အပေါ် ရန်ကုန်တိုင်း လွှတ်တော် စီမံကိန်းကော်မတီနဲ့  မရမ်းကုန်းမြို့ နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်တော်ကိုယ်စားလှယ် တွေက YCDC ကို ကန့်ကွက်သွားမယ်လို့  ပြောပါတယ်။

မရမ်းကုန်းမြို့ နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက “ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ်တာကတော့ နိုင်ငံသား ဖြစ်ဖြစ်၊ ဧည့်နိုင်ငံသား ဖြစ်ဖြစ် ဥပဒေနဲ့ ငြိစွန်းတာပါပဲ။ ဒါကို ကန့်ကွက်မှာပါ။ ဘုရားမြေဆိုတာ ဒါမျိုးတွေလည်း ဆောက်လုပ်ခွင့် မရှိပါဘူး” လို့  ပြောပါတယ်။

ဒီမြေဟာ ဘုရားဝတ္တကမြေဖြစ်ပြီး လက်ရှိမှာ Froggy Fish အမည်ရှိတဲ့ စားသောက်ဆိုင် ဖွင့်လှစ်ထားပါတယ်။

ဘုရားဂေါပကအဖွဲ့ ဦးသန်းလွင်က “သြဝါဒ ဆရာတော်တွေကို ကျနော်တို့ တင်ပြသွားမှာပါ။ ဆရာတော်တွေရဲ့ ဆုံးဖြတ်ချက်၊ မိန့်ကြားချက်အတိုင်း ကန့်ကွက်တာ၊ မကန့်ကွက်တာကို ဆက်လက်ဆောင်ရွက်သွားမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆောက်အဦ ဆောက်လုပ်ခွင့် လျှောက်ထားသူ ဦးရှောက်ဆန်းအနေနဲ့ ဒီမြေနေရာကို အဆက်ဆက် နေထိုင်လာသူတွေဆီကနေ ဝယ်ယူခဲ့တာဖြစ်ပြီး ဂရမ်လျှောက်ထားတာ လုံးဝ မရှိဘူးလို့  ဦးရှောက်ဆန်းရဲ့ ကိုယ်စားလှယ် ဦးမြင့်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ဦးမြင့်ဦးက “ဂရမ်မလျှောက်ပါဘူး။ အဆောက်အဦ ဆောက်လုပ်ခွင့်ပါ။ အခု မြေပေါ်မှာ ဆောက်ထားတဲ့ အဆောက်အဦက ကျနော်တို့တဆင့် ပြန်ငှားထားတဲ့ သူက ဆောက်လုပ်တာပါ။ ခွင့်ပြုချက်မရခင် ဆောက်တာကတော့ ခွင့်ပြုချက်ရဖို့ အချိန်ကြာမှာဖြစ်တဲ့ အတွက် ကြိုဆောက်ထားတဲ့ သဘောပါ။ အဲဒီ့အတွက် ဥပဒေအရ သတ်မှတ်ထားတဲ့ ဒဏ်ကြေး အတိုင်း ပေးဆောင်သွားမှာပါ” လို့  ဒီဗွီဘီကို ပြောပါတယ်။

သတင်းနှင့်ဓာတ်ပုံ - Arkar VJ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013