DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ်အတွင်းရှိ တရားမဝင် ရေနံချက်ဖိုများကို ဝင်ရောက်ဖမ်းဆီး
DVB
·
August 22, 2018
ပေါက်မြို့နယ်အတွင်းရှိ တရားမဝင် ရေနံချက်ဖိုများကို ဝင်ရောက်ဖမ်းဆီး
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ထဲက တရားမဝင် ရေနံချက်ဖိုတွေကို တိုင်းရဲတပ်ဖွဲ့တွေနဲ့အတူ ပခုက္ကူခရိုင် ရဲတပ်ဖွဲ့ဝင်တွေ ပူပေါင်းပြီး ဖမ်းဆီးခဲ့ပါတယ်။

ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ထဲရှိ သရက်ကန်၊ လက်ပံတို၊ လယ်အို စတဲ့ ရေနံမှော်တွေထဲမှာ တရားမဝင်ချက်နေတဲ့ ရေနံချက်ဖိုတွေကို သြဂုတ် ၁၇ ရက်ကနေ ၁၉ ရက်နေ့ထိ ရဲအင်အားအသုံးပြု ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

မကွေးခရိုင် ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးဝင်းက “ကျနော်တို့ကတော့ အထက်က တာဝန်ပေးချက်အရ ပေါက်မြို့နယ် သရက်ကန်ကျေးရွာ၊ လက်ပံတိုကျေးရွာ၊ လယ်အိုကျေးရွာ သုံးရွာကို တရားမဝင် ရေနံခိုးချက်နေတဲ့ အဖွဲ့ကို ရှာဖွေဖို့ ရောက်လာတာဖြစ်တယ်” လို့ ပြောပါတယ်။

သုံးရက် ရှာဖွေဖမ်းဆီးမှု လုပ်တဲ့အခါမှာ တရားမဝင် ရေနံချက်ဖိုပေါင်း ၇၈ ဖို၊ ရေနံစိမ်းဂါလံ ၂၈၀၅ ဂါလံနဲ့ ဒီဇယ် ၁၂၇၀ ဂါလံ ဖမ်းဆီးရမိတယ်လို့  ရဲမှူးစိုးဝင်းက ပြောပါတယ်။

ပခုက္ကူခရိုင်တွင်း မြိုင်မြို့နယ်မှာ ရေနံလုပ်ကွက်နှစ်ခု၊ ပေါက်မြို့နယ်မှာ ရေနံလုပ်ကွက် တခု ခွင့်ပြုပေးထားပေမယ့် ရေနံချက်လုပ်ခွင့်ကိုတော့ မကွေးတိုင်းအတွင်းမှာ ခွင့်ပြုထားတာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013