DVB Logo
Home
မြန်မာသတင်း
ရေဘေး ပြန်လည်ထူထောင်ရေး အမြန်လုပ်သွားမည်ဟု လူကယ်ပြန်ဝန်ကြီး ကတိပေး
DVB
·
August 22, 2018
ရေဘေး ပြန်လည်ထူထောင်ရေး အမြန်လုပ်သွားမည်ဟု လူကယ်ပြန်ဝန်ကြီး ကတိပေး
1 / 5
Donate to DVB

ရေဘေးဒုက္ခခံစားနေရတဲ့ တနင်္သာရီမြို့မှာ  ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အချိန်မကြန့်ကြာစေဘဲ အမြန်ဆုံး လုပ်ဆောင်သွားမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ပြောပါတယ်။

သြဂုတ် ၂၁ နေ့က တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ကို ရောက်ရှိလာပြီး အခုလို ပြောကြားခဲ့တာပါ။

"ဒီတနှစ်ကတော့ ကမ္ဘာ့ရာသီဥတု အပြောင်းအလဲကြောင့် သဘာဝဘေးအန္တရာယ်တွေ နိုင်ငံအတော်များများမှာဖြစ်ခဲ့တယ်။ မြန်မာတနိုင်ငံတည်း မဟုတ်ပါဘူး၊ မွန်ပြည်နယ်မှာဆိုရင် ကြိုတင်ကာကွယ်မှုတွေ လုပ်ထားတယ်၊ ဒါပေမယ့် မရခဲ့ဘူး။ ရေကြီးမှုဒဏ် ခံလိုက်ရတယ်။ အခု တနင်္သာရီမှာလည်း တတိယအကြိမ် ရေထပ်ကြီးတာ ကြုံရတယ်၊ ကျနော်တို့ဌာနအနေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို မကြန့်ကြာစေဘဲ ဆောင်ရွက်ပေးမှာပါ။"

ရေဘေးသင့်ပြည်သူ ၂၄၀၀၀ ကျော်ရှိနေတဲ့ တနင်္သာရီ မြို့နဲ့ ပတ်ဝန်းကျင်ကျေးရွာ ၃၀ မှာ ရေကြီးမှု ရက်ကြာရှည်လာလို့ အခက်အခဲများစွာ ကြုံတွေ့နေရပါတယ်။

လတ်တလော ကယ်ဆယ်ရေးစခန်း ၆ ခု ဖွင့်လှစ်ထားရဆဲဖြစ်ပြီး စာသင်ကျောင်းတွေ လည်း ပိတ်ထားရကာ လက်ရှိ တနင်္သာရီမြစ်ရေမှာ ၂၇ ပေကျော်အထိ ရောက်ရှိနေတယ်လို့ သိရပါတယ်။

လူကယ်ပြန်ဝန်ကြီးအနေနဲ့ ရေဘေးသင့်ပြည်သူတွေကို လိုက်လံတွေ့ဆုံပြီး လှူဒါန်းမှုတွေ ပြုလုပ်ခဲ့သလို တောင်သူ/လယ်သမားတွေအတွက် စိုက်ပျိုးရေး အမြန်ပြန်လည်ဆောင်ရွက်ဖို့ စီစဉ်ပေးမယ်လို့ ကတိပေးခဲ့ကြောင်း သိရပါတယ်။

ဒေသခံတွေက ရက်ကြာရှည်မြစ်ရေကြီးမှုကြောင့် စားဝတ်နေရေးကအစ အခက်အခဲဖြစ်လာပြီး ကယ်ဆယ်ရေးပစ္စည်းတွေ မပြတ်လပ်စေဖို့ ဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

လူကယ်ပြန်ဝန်ကြီးဟာ မိုင်းအန္တရာယ်ကြောင့် မသန်စွမ်းဖြစ်ခဲ့သူတွေကို ထောက်ပံ့ ကြေးပေးတာနဲ့ ရေဘေးသင့်ပြည်သူတွေကိုတွေ့ဆုံဖို့ မြိတ်မြို့ကို ရောက်ရှိလာပြီး မြိတ်မြို့က တဆင့် တနင်္သာရီမြို့ကို သွားရောက်ကာ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေနဲ့ ဒေသခံပြည်သူတွေကို တွေ့ဆုံခဲ့တာပါ။

သတင်းနှင့်ဓာတ်ပုံ - မြတ်ထွဋ် (မြိတ်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013