DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် အကြမ်းဖက်မှုက ခြိမ်းခြောက်မှုအဖြစ် ဆက်ရှိနေဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
August 21, 2018
ရခိုင်တွင် အကြမ်းဖက်မှုက ခြိမ်းခြောက်မှုအဖြစ် ဆက်ရှိနေဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

ရခိုင်ပြည်နယ်ထဲမှာ အကြမ်းဖက်မှုက ခြိမ်းခြောက်မှုအဖြစ် ဆက်လက်ရှိနေဆဲဖြစ်တယ် လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်းက  စင်ကာပူနိုင်ငံရှိ  ISEAS – Yusof Ishak Institute ကစီစဉ်တဲ့ SINGAPORE LECTURE ပွဲမှာ  မြန်မာ့ဒီမိုကရေစီ အကူးအပြောင်း၊ စိန်ခေါ်မှုများနှင့် ရှေ့ခရီး” ဆိုတဲ့ ခေါင်းစဉ်နဲ့   မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြော သွားပါတယ်။

ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အကျပ်အတည်းပဋိပက္ခတွေ ကနဦး ဖြစ်စေခဲ့တဲ့ အကြမ်းဖက်လှုပ်ရှားမှု အန္တရာယ်တွေဟာ ဒီကနေ့ထိ ဆက်ရှိနေတယ်၊ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို မကိုင်တွယ်နိုင်ရင် လူအုပ်စုအချင်းချင်း အကြမ်းဖက်မှုတွေ ဆက်ရှိနေမှာ ဖြစ်ပြီး ဒီအကျိုးဆက်ဟာ မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်းနိုင်ငံတွေပါ ခံရနိုင်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူတွေ နေရပ်ပြန်ရေးကိစ္စနဲ့ ပတ်သက်ပြီးလည်း  ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ပို့မှသာ နယ်စပ်မှာ လက်ခံနိုင်မှာဖြစ်တယ်လို့ လည်းပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၀န်ကြီးချုပ် လီရှန်လုံးရဲ့ ဖိတ်ကြားချက်အရ စင်ကာပူကို ချစ်ကြည်ရေးခရီး သွားရောက်နေတာဖြစ်ပြီး မနေ့က စင်ကာပူနိုင်ငံရှိ Lee Kuan Yew School of Public Policy သို့ သွားလေ့လာပြီး  ဝါရင့်ဝန်ကြီး ဂိုချောက်တောင်နဲ့တွေ့ဆုံခဲ့ပါတယ်။

ဓာတ်ပုံ-State Counsellor

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013