DVB Logo
Home
မြန်မာသတင်း
တောင်ငူ၊ ဘားအံနှင့် ရွှေကျင်မြို့တို့တွင် မြစ်ရေကြီးမှုများ ဖြစ်ပေါ်
DVB
·
July 31, 2012
တောင်ငူ၊ ဘားအံနှင့် ရွှေကျင်မြို့တို့တွင် မြစ်ရေကြီးမှုများ ဖြစ်ပေါ်
Donate to DVB

မြန်မာနိုင်ငံမိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ညနေ ထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ ၅၈၈ စင်တီမီတာသို့ ရောက်ရှိနေပြီး နောက် ၄၈ နာရီ အတွင်း တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာသို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

[caption id="attachment_28650" align="alignleft" width="300" caption="တောင်ငူမြို့အတွင်း ရေကြီးနေစဉ်"][/caption]

အလားတူ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ၈၄၂ စင်တီမီတာသို့ ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ်အထက် ၉၂ စင်တီမီတာ (၃-ပေခန့်) ကျော်လွန်နေကြောင်း နောက် ၃ ရက်အတွင်း ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာ အထက်တွင် ဆက်လက် တည်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒီလို မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေတက်မှုကြောင့် ဘားအံမြို့မှာတော့ လွန်ခဲ့တဲ့ ၄ ရက်လောက်ကတည်းက အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေ၀င်ပြီး ကယ်ဆယ်ရေးစခန်း ၄ ခုလောက် ဖွင့်ထားရတယ်လို့ ဘားအံမြို့ခံတွေက ပြောပါတယ်။

ဘားအံမြို့ရဲ့ မြေနိမ့်ရပ်ကွက်တွေဖြစ်တဲ့ အမှတ် ၁ နဲ့ ၂ ရပ်ကွက်မှာ ရေတွေမြုပ်နေပြီး ဘုန်းကြီးကျောင်းတွေ၊ ဘောလုံးကွင်း၊ အားကစားရုံတွေမှာ ကယ်ဆယ်ရေးစခန်းဖွင့်ထားရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ရေမြုပ်တာက ဘု​ရား​မှာ အိမ်ထောင်စု ၄၀ ရှိတယ်တဲ့။ ဘောလုံးကွင်းမှာ ၇၀ ရှိတယ်တဲ့။ အားကစားရုံမှာကျတော့ အိမ်ထောင်စု ၉၀ တဲ့။ များတယ်။ ရေက ရုတ်တရက် တက်လာတာ။ ခါတိုင်းက နည်းနည်း တက်ပြီး ပြီးခဲ့တဲ့ ၂ ရက်လောက်က များများ တက်လာတာ။ အစားအသောက်တွေက ဆီပေးတယ်၊ ဆန်ပေးတယ်၊ ကြက်ဥပေးတယ်၊ မားမားခေါက်ဆွဲပေးတယ်၊ အင်္ကျီအ၀တ်အစားတွေလည်း ပေးတယ်တဲ့။ ဌာနဆိုင်ရာတွေ လာပေးတာ။”

ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ၇၁၉ စင်တီမီတာကို ရောက်နေပြီး စိုးရိမ်ရေမှတ်အထက်  ၆ လက်မခန့်ကျော်လွန်နေပြီး ဩဂုတ်လ ၂ ရက်မွန်းတည့်ထိ မြို့ရဲ့စိုးရိမ်ရေမှတ် ၇၀၀ စင်တီမီတာအထက်မှာ ဆက်တည်ရှိမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

ဧရာဝတီတိုင်းမှာ င၀န်မြစ်ရေတက်ပြီး ငါးသိုင်းချောင်းမြို့မှာ ၁၁၅၃ စင်တီမီတာသို့ ရောက်နေတာကြောင့် စိုးရိမ်ရေမှတ်အထက် ၁၀ လက်မနီးပါး ကျော်လွန်နေပြီး ဩဂုတ် ၂ ရက်နေ့ထိ မြို့ရဲ့စိုးရိမ်ရေမှတ် ၁၁၃၀ စင်တီမီတာ အထက်မှာ ဆက်တည်ရှိမယ်လို့ ဆိုပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာလည်း မုတ်သုံလေ အားကောင်းနေကြောင်းလည်း ကြေညာထားပါတယ်။

ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံမြို့မှာလည်း  ပြီးခဲ့တဲ့ရက်ပိုင်းကတည်း  မြို့တွင်းရေလွှမ်းမှုဖြစ်ပွားပြီး အခုအချိန်အထိ ရေမကျသေးဘူးလို့ မြို့ခံတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013