DVB Logo
Home
မြန်မာသတင်း
ကျောက်ကြီးမြို့ပေါ်တွင် ရေးဘေးကယ်ဆယ်ရေးစခန်း ဒုတိယအကြိမ် ပြန်ဖွင့်
DVB
·
August 21, 2018
ကျောက်ကြီးမြို့ပေါ်တွင် ရေးဘေးကယ်ဆယ်ရေးစခန်း ဒုတိယအကြိမ် ပြန်ဖွင့်
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့မှာ ချောင်းရေပြန်လည်မြင့်တက်လာတဲ့အတွက် မြို့ပေါ်ရပ်ကွက်တချို့ရှိ မိသားစုတွေ ရေဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းသို့ ဒုတိယအကြိမ် ပြန်လည်ရွှေ့ပြောင်းနေရပါတယ်။

သြဂုတ် ၁၉ ရက်မှာ မိုးအဆက်မပြတ် ရွာသွန်းခဲ့တဲ့အတွက် ချောင်းရေ ပြန်လည် မြင့်တက်လာကာ ကျောက်ကြီးမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ပဲခူးရပ်ကွက်နဲ့ ကပ်ကျေး ရပ်ကွက်အတွင်းရှိ ချောင်းကမ်းနားဘေးမြေနိမ့်ပိုင်းရှိ လူနေအိမ်ခြံဝိုင်းများအတွင်းသို့ ရေတွေ ဝင်ရောက်လာတာဖြစ်ပါတယ်။

သြဂုတ် ၂၀ ရက်မနက်ပိုင်းမှစတင်ပြီး အိမ်ထောင်စု ၂၁ စု၊ လူဦးရေ ၉၅ ဦးတို့ကို မြို့တွင်းဘုန်းတော်ကြီးကျောင်း မိုးကုတ်ဓမ္မာရုံနဲ့ သိန်တန်းရပ်ကွက်ရှိ မင်းအိုကြီး ဘုန်းတော်ကြီး ကျောင်းနဲ့ တောင်ငူတန်းရပ်ကွက်ရှိ မြို့ဦးဘုန်းတော်ကြီးကျောင်းများသို့ ပြောင်းရွှေ့ခဲ့ရပြီး အခုလက်ရှိအချိန်အထိ အိမ်ထောင်စု ၂၄ စုလူဦးရေ ၁၀၄ ဦး ပြောင်းရွှေ့ထားရပြီလို့ သိရပါတယ်။

ကျောက်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းလွင် က"ရေက အရင်တခါတက်သလောက်တော့ မများသေးဘူး။ ချောင်းနဲ့ မြစ်နဲ့နီးတဲ့ အိမ်တွေ ကိုတော့ ကယ်ဆယ်ရေးစခန်းတွေကို ဒုတိယအကြိမ်ပြန်ရွှေ့ပေးထားတယ်။ ကျနော်လည်း သွားကြည့်ပြီး လိုအပ်တာတွေကို ဆောင်ရွက်ပေးထားပါတယ်"လို့ပြောပါတယ်။

ပဲခူးရပ်ကွက်နေ ဦးတင်စိန်က "အခုရွှေ့ရတာ အရင်လောက်တော့ မများသေးဘူး။ မြေနိမ့်ပိုင်းတွေပဲ ရွေ့ရတာပါ။ ဌာနဆိုင်ရာကလူတွေလည်း လာကြည့်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုလည်း ဆေးရုံက လာလုပ်ပေးတယ်။ အိမ်မှာတော့ ၁၁ ရက်လောက်ပဲ နေရပြီး ပြန်လာရတာပေါ့"လို့ ပြောပါတယ်။

ကျောက်ကြီးမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်ကလည်း စစ်တောင်းမြစ်ရေလျှံမှု၊ ချောင်းရေမြင့်တက်မှုတို့ကြောင့် မြို့ပေါ်ရှိ ၆ ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၃၅ ရွာမှ အိမ်ထောင်စု ၉၀၂၊ လူဦးရေ ၄၀၀၆ ဦးတို့ကို ယာယီကယ်ဆယ်ရေးစခန်းတွေနဲ့ ဆွေမျိုးနီစပ်နေအိမ်တွေကို ပြောင်းရွေ့ ထားခဲ့ရပါတယ်။

သြဂုတ် ၉ ရက်နေ့မှာ ယာယီကယ်ဆယ်ရေးစခန်းတွေ ပြန်လည်ရုပ်သိမ်းခဲ့ကာ ရက်ပေါင်း ၁၁ အကြာမှာ ကယ်ဆယ်ရေးစခန်း ပြန်လည်ဖွင့်လှစ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013