DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်မြောက်ပိုင်း မြို့နယ်အချို့တွင် သီးနှံဖျက်ပိုးများ ကျရောက်
DVB
·
August 21, 2018
ရှမ်းပြည်မြောက်ပိုင်း မြို့နယ်အချို့တွင် သီးနှံဖျက်ပိုးများ ကျရောက်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း သိန္နီ၊ သီပေါနဲ့ ကျောက်မဲမြို့နယ်ထဲက ပြောင်းခင်းတွေမှာ သီးနှံဖျက်ပိုးတွေ ကျရောက်နေလို့ ပြောင်းပင်တွေပျက်စီးဆုံးရှုံးနေတယ်လို့ ဒေသခံတွေက ပြော ပါတယ်။

သီပေါမြို့နယ် ကုန်းမုန့်၊ ပန်နျူ့၊ နားမွန်း၊ နောင်ကော်၊ မိုင်းလင်းစတဲ့ ကျေးရွာက ပြောင်းခင်းတွေထဲ သီးနှံဖျက်ပိုးတမျိုး ကျရောက်လို့ တောင်သူတွေ အခက်ကြုံနေတယ်လို့  သီပေါမြို့နယ် ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် ကိုစိုင်းက ဒီဗွီဘီကို ပြောပါတယ်။

“တနေ့က ပန်နျူ့အုပ်စု ကုန်းမုန့်ရွာဘက်က တောင်သူတွေမြို့တက်လာပြီး ကျနော်တို့ကို ပြောပြတယ်ခင်ဗျ။ သူတို့ ပြောင်းဖူးပင်တွေ ပျက်စီးကုန်ပြီ၊ ပိုးကျလို့ ပိုးသတ်ဆေးလာရှာ ၀ယ်တာတဲ့၊ မေးကြည့်တော့ ပိုးကျတဲ့အခင်းတွေ တော်တော်များပါတယ်။ ပိုးစားတာ ၂ ရက်အတွင်းမှာ ၅ ဧကလောက်ကုန်သွားတယ်။ အရင်က  တခါမှလည်းမတွေ့ဖူးဘူး။ မကြုံဖူးဘူး။ ဘာကြောင့်လဲတော့ မသိဘူး။ တခုတော့ရှိတယ်။ အဲဒီမတိုင်ခင် သူတို့ စိုက်ခင်းနား မှာ တရုတ်ပြည်က ဖရဲသီးတွေလာစိုက်သွားပြီး မြေသန့်ရှင်းတွေ သေချာပြန်မလုပ်လို့ ပိုးတွေက ဖရဲခင်း ဘက်ကနေလာတာလို့လဲ ယူဆနေကြတယ်ခင်ဗျ။”

ဒါ့အပြင် သီပေါ နမ့်လန်အုပ်စု မိုင်းလင်းကျေးရွာဘက်က ပြောင်းခင်းထဲမှာလည်း ပိုးတွေကျနေလို့  အဆိုပါပြဿနာကို ကူညီဖြေရှင်းပေးဖို့ သက်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေးရုံးကို အကြောင်းကြားခဲ့လို့  ဒီကနေ့ဘဲ စိုက်ပျိုးရေးဌာနတာဝန်ရှိသူတွေ ကွင်းဆင်း စစ်ဆေးဖို့ သွားရောက်နေပါတယ်။

အလားတူ ကျောက်မဲမြို့နယ် နားအိုက်ခန့်ကျေးရွာနဲ့ ပြောင်ခေါင်းကျေးရွာဘက်မှာလည်း ပြောင်းပင်တွေပိုးကျလို့ ပါတီလွှတ်တော်ကိုယ်စားလှယ်နဲ့ စိုက်ပျိုးရေးရုံးတာဝန်ရှိသူတွေ ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်နေ့က နယ်မြေထဲကွင်းဆင်းစစ်ဆေးပြီး စိုက်ပျိုးရေးဆိုင်ရာ ပညာပေးကာ ပိုးသတ်ဆေးတွေ ဝေငှပေးခဲ့တယ်လို့ ကျောက်မဲ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်အမတ် ဦးစိုင်းထွန်းဉာဏ်က ပြောပါတယ်။

သိန္နီမြို့နယ် မိုင်းလီကျေးရွာအုပ်စု ပန်ခမ်းရွာနဲ့ မိုင်းလီကျေးရွာမှာလည်း ပြောင်း စိုက်ခင်းထဲ ပိုးတွေကျလို့ ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်က သက်ဆိုင်ရာ မြေစာရင်းရုံး၊ စိုက်ပျိုးရေး ရုံးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့အတူ နယ်မြေထဲ ကွင်းဆင်းစစ်ဆေးရာမှာ ပြောင်းဖူး ၁ ပင်ကို ငမြောင်တောင်ပိုး အကောင် ၅၀ - ၆၀ လောက် တွယ်ကပ်နေတာ တွေ့ရှိရတယ်လို့  သိန္နီမြို့နယ် SNLD အမတ် ဒေါ်နန်းခင်ထားရီက သူမ လူမှုကွန်ရက်စာမျက်နှာမှာ ရေးထား ပါတယ်။

ဓာတ်ပုံ-SNLD

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013