DVB Logo
Home
မြန်မာသတင်း
ရခိုင်လူငယ်ညီလာခံက ချမှတ်လိုက်သည့် မူဝါဒ ၂၄ ချက် အကောင်အထည်ဖော်မည်
DVB
·
August 21, 2018
ရခိုင်လူငယ်ညီလာခံက ချမှတ်လိုက်သည့် မူဝါဒ ၂၄ ချက် အကောင်အထည်ဖော်မည်
Donate to DVB

ရခိုင်လူငယ်ညီလာခံက ချမှတ်လိုက်တဲ့ မူဝါဒ ၂၄ ချက်ကို အစိုးရ၊ နိုင်ငံရေးပါတီတွေနဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ လူငယ်ခေါင်းဆောင်တွေက ပြောပါတယ်။

ရခိုင်လူငယ်ညီလာခံက သဘောတူချက်မှတ်လိုက်တဲ့ မူဝါဒ ၂၄ ချက်ထဲမှာ လူငယ်နှင့် နိုင်ငံရေး၊ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့် အလုပ်အကိုင် အခွင့် အလမ်းစတဲ့ အချက် ၄ချက်ကို အခြေခံပြီး ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဒီလိုမတူကွဲပြားခြားနားတဲ့ မူဝါဒ ၂၄ ချက်ကို အစိုးရပါတီနိုင်ငံရေးနဲ့ လူမှုအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ရခိုင်လူငယ်ညီလာခံ ဦးဆောင် ကော်မတီဝင် ကိုမင်းသိဏ်းဇံ က ဆိုပါတယ်။

“အဲ့ဒီကျောရိုးကြီးလေးချက် အများသဘောတူ ကိုယ်စားလှယ်ပေါင်း ၄၀၀ ကျော်ရဲ့ ဆုံးဖြတ်ချက်နဲ့ မူဝါဒစုစုပေါင်း၂၄ ချက်ထွက်လာပါတယ်။ အဲ့ဒီကွဲပြားခြားနားတဲ့ မှုဝါဒ ၂၄ ချက်ကို သူတို့နဲ့ သင့်တင့်လျှောက်ပတ်တဲ့ လိုက်ဖက်တဲ့ အခင်းအကျင်းပုံစံမျိုးနဲ့ ကျနော်တို့ တည်ဆောက်သွားမှာ ဖြစ်တယ်။ အဲ့ဒီအပိုင်းမှာ အစိုးရနဲ့ပူးပေါင်းဖို့ဟာပါတယ်။ ပြီးတော့ ရခိုင်ပြည်နယ်ထဲမှာနေတဲ့ အတူကွဲပြားခြားနားတဲ့ ပါတီနိုင်ငံရေးအခင်းအကျင်းတွေနဲ့ ပူးပေါင်းဖို့ဟာ ပါတယ်။ ပြီးတော့ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဟာ ပါတယ်။ ပြည်နယ်အစိုးရဒေသ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ အပိုင်းတွေ ပါပါတယ်”လို့ပြောပါတယ်။

စစ်တွေမြို့၊ အာရီယာန်စားသောက်ဆိုင်မှာ သြဂုတ် ၁၉ ရက်က ပြုလုပ်ခဲ့တဲ့ ရခိုင်လူငယ်ညီလာခံ (တောင်ကုတ်မြို့)ဆိုင်ရာ သတင်းစာရှင်းလင်းပွဲနဲ့ လုပ်ငန်း တာဝန်များ လွှဲပြောင်းပွဲမှာ အခုလို ပြောဆိုခဲ့ကြတာပါ။

ရခိုင်လူငယ်ညီလာခံက ချက်မှတ်လိုက်တဲ့ မှုဝါဒ ၂၄ ချက်ကို မကြာခင် အကောင် အထည်ဖော်ဆောင်သွားမှာဖြစ်ပြီး စက်တင်ဘာလမှာ စတင်ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။

ရန်ကုန်တိုင်ဒေသကြီး ဦးဆောင်ကော်မတီတဦးဖြစ်တဲ့ မမေသင်းသင်းအောင်က “လက်ရှိ အကောင်အထည်ဖော်မှုကတော့ အခုကတည်းကစနေပြီးပေါ့နော်။ ပထမဦးဆုံး လုပ်ရမယ့် လုပ်ငန်းစဉ်တွေက စင်တင်ဘာလကနေ နိုဝင်ဘာလစနေပြီးပေါ့နော်။ သင်တန်းတွေ ပေးတာတွေ လုပ်နေတယ်။ ပြီးတော့ အခြေခံတခုဖြစ်တဲ့ Youth စင်တာတွေကို နေရာချထားရေးတို့၊ အခြားလုပ်ငန်းရပ်တွေကိုတော့ လုပ်ဆောင်နေကြပါတယ်”လို့ပြောပါတယ်။

ရခိုင်လူငယ်(တောင်ကုတ်)ညီလာခံမှာ အကြောင်းမျိုးမျိုးကြောင့် ကမန် မျိုးနွယ်စုနဲ့ မာရမကြီး မျိုးနွယ်စုတွေကို ဖိတ်ကြားခြင်းမရှိခဲ့ပါဘူး။ လာမယ့် ညီလာခံတွေမှာတော့ ကမန်နဲ့ ဟိန္ဒူမျိုးနွယ်စုတွေကို တက်ရောက်နိုင်အောင်လုပ် ဆောင်သွားမယ်လို့ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်တွေက ဆိုပါတယ်။

ရခိုင်လူငယ်ညီလာခံကချမှတ်လိုက်တဲ့ အစီအစဉ်တွေထဲမှာ ကျောင်းသင်ခန်းစာမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ အလေးအနက်ထား သင်ကြားပေးရန်၊ အရက်သေစာနဲ့ ဆေးလိပ်တွေကို ရခိုင်ပြည်နယ်ထဲ အကန့်အသတ်နဲ့ တင်သွင်းရန်၊ လူငယ်စင်တာတွေ ထားရှိရန်၊ မူးယစ်ဝါးနဲ့ပတ်သက်လို့ ကျော်ဇောသတင်းရှိတဲ့ ကွမ်းယာဆိုင်တွေ၊ ဈေးဆိုင်တွေကို စနစ်တကျစစ်ဆေးရန်နဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုရှိ၊ မရှိကျောင်းသူ၊ ကျောင်းသားတွေနဲ့ လူငယ်တွေကို အချိန်ကာလအပိုင်းအခြားအလိုက် စစ်ဆေး ရန်စတဲ့အချက်တွေ ပါဝင်ပါတယ်။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013