DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ရှိ နိဒင်အိုင်ဒီပီဒုက္ခသည်စခန်းပိတ်သိမ်း၊ စခန်း ၁၈ ခုကျန်ရှိနေ
DVB
·
August 21, 2018
ရခိုင်ပြည်နယ်ရှိ နိဒင်အိုင်ဒီပီဒုက္ခသည်စခန်းပိတ်သိမ်း၊ စခန်း ၁၈ ခုကျန်ရှိနေ
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် နိဒင် အိုင်ဒီပီ (ပြည်တွင်းဒုက္ခသည်စခန်း)ကို အပြီးသတ် ပိတ်သိမ်းလိုက်တယ်လို့ အစိုးရ ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

စခန်းပိတ်သိမ်းဖို့  နိဒင်ကျေးရွာ အနီးမှာ နေအိမ်သစ် ၈၅ လုံးဆောက်လုပ်ခဲ့ပြီးနောက်  နိဒင် အိုင်ဒီပီစခန်းမှ အိမ်ထောင်စု ၈၅ စု လူဦးရေ ၅၈၀ ကျော်ကို ရခိုင်ပြည်နယ် အစိုးရက စနစ်တကျပြောင်းရွှေ့နေရာချထားပေးခဲ့ရာမှာ အခုအခါ အိမ်ထောင်စုအားလုံး ပြောင်းရွှေ့ ခဲ့ပြီး ဖြစ်တယ်လို့ဆိုပါတယ်။

ပြောင်းရွှေ့ချထားတဲ့ နေရာသစ်မှာ နေထိုင်ဖို့အတွက် အဆင်ပြေပေမယ့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးတွေကတော့ အခက်အခဲရှိနေဆဲပဲလို့  နိဒင်စခန်းတာဝန်ခံ ဦးကျော်အေးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့အားလုံး အိမ်တွေမှာ ပြောင်းနေကြပါပြီ။ အရင်စခန်းမှာတုန်းက အခန်းတွဲတွေနဲ့နေခဲ့တာကနေ ပိုပြီး အဆင်ပြေသွားတာပေါ့။ ဒါပေမယ့် တခြား ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးတွေကတော့ အရင်လိုပဲ ခက်ခဲနေတုန်းပါပဲ။ တခြားရွာတွေကို လွတ်လွတ်လပ်လပ်မသွားရဘူး။ မြို့ပေါ် သွားခွင့် မရှိဘူး။ စားနပ်ရိက္ခာ ထောက်ပံ့တာကတော့ အခုရှိသေးတယ်။ တဖြည်းဖြည်းနဲ့ လျော့သွားမယ်လို့တော့ ပြောတယ်”

အရင်က ရခိုင်ပြည်နယ်မှာ အိုင်ဒီပီစခန်း ၂၁ ခုဖွင့်လှစ်ထားတဲ့အထဲ ၂၀၁၇ ခုနှစ်အတွင်း

ကျောက်ဖြူမြို့နယ်ရှိ ကညင်တောစခန်းနဲ့ ရမ်းဗြဲမြို့နယ်ရှိ တန်းရွာအိုင်ဒီပီစခန်းတွေ ပိတ်သိမ်းနိုင်ခဲ့ပြီး အခု ကျောက်တော်မြို့နယ် နိဒင်အပြီး ပိတ်သိမ်းနိုင်ခဲ့တဲ့အတွက်  အိုင်ဒီပီစခန်း ၁၈ ခု ကျန်ရှိပါတယ်။

ပေါက်တောမြို့နယ်ရှိ ကြိမ်နီပြင် အိုင်ဒီပီစခန်းကို တစိတ်တပိုင်း ပိတ်သိမ်းကာ ပြန်လည်နေရာချထားပေးနေသလို စစ်တွေမြို့နယ်ရှိ သက္ကေပြင် အိုင်ဒီပီစခန်း၊ ခေါင်းဒုက္ကာ (၁) နဲ့ (၂) အိုင်ဒီပီစခန်း၊ ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံး အိုင်ဒီပီစခန်းတွေပိတ်သိမ်းနိုင်ရေး ဆက်လက် ဆောင်ရွက်နေတယ်လို့လည်း အစိုးရ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံ- MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013