DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး ဂိုချောက်တောင် တွေ့ဆုံ
DVB
·
August 21, 2018
ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး ဂိုချောက်တောင် တွေ့ဆုံ
Donate to DVB

စင်ကာပူနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်နေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ် ၂၀ ရက်က စင်ကာပူနိုင်ငံရှိ Lee Kuan Yew School of Public Policy သို့ သွားရောက်လေ့လာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ကို စင်ကာပူနိုင်ငံ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး မစ္စတာ ဂိုချောက်တောင်နဲ့ ကျောင်းတာဝန်ရှိသူတွေက ကြိုဆိုနှုတ်ဆက်ကြပြီး စာသင်ခန်းတွေနဲ့ စာပေသင်ကြား ပို့ချမှုတွေကို လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို မစ္စတာ ဂိုချောက်တောင်က တက္ကသိုလ်မှာ လက်ဘက်ရည်ပွဲနဲ့ ဧည့်ခံခဲ့သလို ညပိုင်းမှာ စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Dr.Vivian Balakrishnan က သူ့ရဲ့နေအိမ်မှာ ညစာစားပွဲနဲ့  တည်ခင်းဧည့်ခံခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်းရဲ့ ဖိတ်ကြားချက်အရ အလုပ်သဘော ချစ်ကြည်ရေးခရီး သွားရောက်နေတာဖြစ်ပြီး ဒီကနေ့မှာ စင်ကာပူနိုင်ငံရှိ ISEAS – Yusof Ishak Institute ကစီစဉ်တဲ့ SINGAPORE LECTURE ပွဲမှာ “မြန်မာ့ဒီမိုကရေစီ အကူးအပြောင်း၊ စိန်ခေါ်မှုများနှင့် ရှေ့ခရီး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပို့ချဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013