DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းသမား ၂ ဦးအမှု သြဂုတ် ၂၇ ရက်အမိန့်ချမည်
DVB
·
August 20, 2018
ရိုက်တာသတင်းသမား ၂ ဦးအမှု သြဂုတ် ၂၇ ရက်အမိန့်ချမည်
Donate to DVB

နိုင်ငံတော်လျို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲခံနေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အမှုလာမယ့် သြဂုတ် ၂၇ရက်နေ့မှာ အမိန့်ချမှတ်ဖို့ ရှိနေပါတယ်။

သူတို့နှစ်ဦးကို စွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက နှစ်ဖက် သက်သေတွေ တရားရုံးမှာ  ကြားနာထွက်ဆိုခဲ့ကြပြီး ဒီကနေ့ ရန်ကုန် မြောက်ပိုင်း ခရိုင်တရားရုံးမှာ အပြီး သတ်ထွက်ဆိုမှုတွေ အပြီး အမိန့်ချမယ့် ရက်သတ်မှတ်လိုက်တာပါ။

သတင်းထောက် ၂ ဦးဟာ ပြစ်မှုကျူးလွန်ခဲ့တယ်လို့ တရားရုံးက အမိန့်ချဆုံးဖြတ်ခဲ့ရင် ထောင်ဒဏ် ၁၄ နှစ်ထိကျခံရနိုင်တာပါ။

ရိုက်တာ သတင်းဌာနကတော့ သတင်းထောက် ၂ ဦးဟာ  ရာဇဝတ်မှုကျူးလွန်ခဲ့တာမရှိတဲ့ အကြောင်းနဲ့ သူတို့ကို တရက်ထပ်ပြီး ထောင်ချထားမယ်ဆိုရင် သူတို့ရဲ့ အမှန်တရား ထုတ်ဖော်မှုနဲ့ အရေးပါတဲ့  သတင်းသမား အလုပ်အပေါ် တရားဥပဒေနဲ့ မညီဒဏ်ခတ်တာဖြစ်တယ်လို့ ဒီကနေ့ ထုတ်ပြန် ကြေညာပါတယ်။

တရားရုံးအနေနဲ့ သူတို့ကို အပြစ်မရှိကြောင်းဆုံးဖြတ်မယ်လို့ မျှော်လင့်တယ်၊ ဒါဟာ မြန်မာနိုင်ငံက ကတိပြုလုပ်ဆောင်နေတဲ့  တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်စွာထုတ်ဖော်ခွင့်နဲ့ ဒီမိုကရေစီရေးအတွက် အရေးပါတဲ့ ခြေလှမ်းအဖြစ် ပြသရာရောက်မယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013