
Myanmar Idol Season 3 ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်အနေနဲ့ သူရရှိတဲ့ ဆုကြေးငွေနဲ့ ဧရာဝတီတိုင်းဒေသကြီး အတွင်း ဘုရားထီး တင်တာအပြင် ပရဟိတအလုပ်တွေ လုပ်ဆောင်သွားဖို့ရှိနေသလို အနုပညာအလုပ်တွေလည်း ဆက်လုပ်သွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“ဘယ်သွားလှူမယ်ဆိုတာတော့ ကျနော်အတိအကျပြောလို့ မရသေးဘူးပေါ့နော်။ နောက်တခုက ကျနော် ဒီအနုပညာအလုပ်တွေလည်း ဆက်လုပ်ဖို့ ရှိသေးတယ်ဆိုတော့ အနုပညာအလုပ်တွေလည်းလုပ်မယ်။ ဒီကြားထဲက ကျနော်ရတဲ့ ပိုက်ဆံလေးကို ကျနော်ကိုယ်တိုင် ဦးစီးပြီးသွားမလှူနိုင်တောင်မှ ကျနော်ညီရှိမယ်၊ ကျနော့်ရဲ့ Admin တွေရှိမယ်။ ကျနော့် Admin ကိုထက်ဝေဖြိုးတို့ အပေါင်းအသင်းတွေက တဆင့် လှူပေးဖို့တော့များပါတယ်။ ”
ဟင်္သာတနယ်သား ဖြိုးမြတ်အောင်ဟာ မကြာသေးခင်ကမှ ကျင်းပပြီးစီးသွားခဲ့တဲ့ Myanmar Season 3 သီချင်းဆိုပြိုင်ပွဲမှာ Winnerတစ်ဦးအဖြစ် ဆုကြေးငွေ ကျပ်သိန်း ၅၀၀နဲ့ တခြားဆုကြေးငွေတွေ ရရှိခဲ့တာပါ။










