DVB Logo
Home
မြန်မာသတင်း
ဟင်္သာတခရိုင်အတွင်း ဆည်များကျိုးပေါက်နိုင်သည့်သတင်း ကောလာဟလဖြစ်ဟု တာဝန်ရှိသူပြော
DVB
·
August 20, 2018
ဟင်္သာတခရိုင်အတွင်း ဆည်များကျိုးပေါက်နိုင်သည့်သတင်း ကောလာဟလဖြစ်ဟု တာဝန်ရှိသူပြော
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်မှာ မိုးအဆက်​မပြတ်​ရွာ​နေလို့ မြို့နယ်အချို့က ဆည်​​တွေ ကျိုး​ပေါက်​နိုင်​တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာဟာ ​​ကောလာဟလသာဖြစ်တယ်လို့ တာဝန်ရှိသူ ဆည်မြောင်း တာဝန်​ရှိသူက ပြောပါတယ်။

ဆည်​​တွေရဲ့​​ ရေ​လှောင်တမံ​တွေ ကျိုး​ပေါက်​နိုင်တယ်​ဆိုတဲ့​ ကောလာဟလသတင်း​တွေ မြန်​​အောင်​နဲ့ အင်္ဂပူမြို့နယ်​တွေအတွင်း ​ကျေးရွာ​တွေမှာ သတင်းထွက်​​ပေါ်​နေပြီး ပြည်သူတွေက စိုးရိမ်နေကြတာပါ။

ဧရာဝတီတိုင်း​ဒေသကြီးအတွင်း ဟသာင်္တခရိုင်​တွင်းမှာရှိတဲ့ အင်္ဂပူမြို့နယ်​မှာ နန်​ကသူနဲ့ ကညင်​ဆည်​​ ရေ​လောင်းတမံ၊ မြန်​​အောင်​မြို့နယ်​မှာ မမြဆည်​​ရေ​လောင်းတမံ၊ ကြံခင်းမြို့နယ်​မှာ​တော့ ကွန်း​ချောင်း​ရေ​လောင်​​တမံဆိုပြီး ဟသာင်္တခရိုင်​အတွင်းမှာ ဆည်​​ပေါင်း ​လေးခု ရှိ​နေတာပါ။

ဟသာင်္တခရိုင်​ ဆည်​​မြောင်းနဲ့ ​ရေအသုံးချမှု စီမံခန့်​ခွဲ​ရေးဦးစီးဌာနက ခရိုင်​ဦးစီးအရာရှိ ဦးသာယာက​ "သတင်းက လုံးဝအမှားပါ၊ လုံးဝမစိုးရိမ်​ရပါဘူး။ ခုလိုဆည်​​တွေ တာမံကျိုး​ပေါက်​နိုင်​တယ်​ဆိုတာ ​ကောလာဟလဖြစ်​ပါတယ်​။ ၇ ပိုင်းေ​ရကြီး​ရေလျှံမူတုန်းက​တောင်​ မစိုးရိမ်​ရပါဘူးလို့​ ပြောထားတာပါ။ ခုလို မိုးရွာ​နေ​ပေမယ့် မမြနဲ့ ကညင်​သာ​ ရေပိုလွှဲက ​ရေအနည်းသာ ​ကျော်​​နေတာပါ။ ဒါဖြစ်​ရိုးဖြစ်​စဉ်​တခုပါ၊ စိုးရိမ်​စရာလုံးဝမရှိပါဘူး။ စိုးရိမ်​ရရင်​လည်း ကျ​နော်​တို့ဌာနက ချက်​ချင်းသတင်းထုတ်​ပြန်​မှာပါ။ ပြည်​သူ​တွေ ​ကောလာဟလ​တွေကို မယုံကြည်​ပါနဲ့လို့ ​ပြောချင်​ပါတယ်​" လို့ ​ပြောပါတယ်​။

ကညင်​ဆည်​မှာ​ ရေပိုလွှဲကို ၁ ဒသမ ၉၀​ ပေ၊ နန်​ကသူမှာ သုည ဒသမ ​၄၀ ​ပေသာ​ ရေ​ကျော်​​နေတာပါ။

ဟသာင်္တခရိုင်​အတွင်းက နန်​ကသူ၊ ကညင်​၊ မမြ၊ ကွန်း​ချောင်း​ဆည်​​တွေဟာ​ မြေသားတာတမံ အမျိုးအစားဖြစ်​ပြီး ကညင်​ဆည်​က​တော့ တည်​​ဆောက်​​ရေးကာလပဲ ရှိ​နေ​သေးတာပါ။

ကညင်​နဲ့မမြဆည်​က​တော့ ဆည်​​ရေ​သောက်​စနစ်​အပြင်​ ​ရေအားလျှပ်​စစ်​ထုတ်​လုပ်​နိုင်​ဖို့ပါ ရည်​ရွယ်​တည်​​ဆောက်​လျက်​ ရှိ​နေပါတယ်​။ ကျန်​ နန်​ကသူ၊ ကွန်း​ချောင်းက​တော့ ဆည်​​ရေ​သောက်​စပါးသီးနှံတွေ စိုက်​ပျိုးဖို့ တည်​​ဆောက်​ထားတာပါ။

ဆည်​​​တွေက​တော့ အင်္ဂပူ၊ မြန်​​အောင်၊ ကြံခင်းမြို့နယ်​​တွေကို​ နွေးစပါးစိုက်​ပျိုးဖို့ ဆည်​​ရေ​ပေး​ဝေး​နေကြတာပါ။

သတင်း - သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013