DVB Logo
Home
မြန်မာသတင်း
တပတ်အတွင်း မူးယစ်မှု ၃၅၇မှု၊ လူပေါင်း ၅၀၀ ကျော် ဖမ်းမိထား
DVB
·
August 20, 2018
တပတ်အတွင်း မူးယစ်မှု ၃၅၇မှု၊ လူပေါင်း ၅၀၀ ကျော် ဖမ်းမိထား
Donate to DVB

မြန်မာတနိုင်ငံလုံးမှာ သြဂုတ်လ ဒုတိယပတ်အတွင်း မူးယစ်အမှုပေါင်း ၃၅၇မှုနဲ့ လူပေါင်း ၅၀၀ ကျော် ဖမ်းမိထားတယ်လို့ သမ္မတရုံးထုတ်ပြန်ချက်ချက်အရ သိရပါတယ်။

အခုသီတင်းပတ် သြဂုတ် ၁၂ရက်ကနေ ၁၈ ရက်အတွင်း မူးယစ်အမှုပေါင်း (၃၅၇)မှုမှာ  တရားခံ ကျား (၄၂၈)ဦးနဲ့ မ (၈၁)ဦး ပေါင်း (၅၀၉)ဦးကို ဖမ်းမိတာလို့ဆိုပါတယ်။

ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေအထဲမှာ ဘိန်းဖြူ(၁၂၈၂၉.၇၂)ဂရမ်၊ အိုက်စ် (၃၂၂.၀၅)ဂရမ်၊ ဘိန်းစိမ်း (၆၉၇၂.၅၉)ဂရမ်၊ အဆင့်နိမ့်ဘိန်း (၁၂)ဂရမ်၊ ဘိန်းစာမှုန့် (၂၇၆၃၅.၀၅)ဂရမ်၊ ဘိန်းစာရွက် (၁၄၀၈၀.၅၀)ဂရမ်၊ စိတ်ကြွဆေးပြား(၅၃၈၉၂၄၂)ပြား၊ ဆေးခြောက်(၈၃၂၄.၁၈) ဂရမ်နဲ့ စိတ်ကြွဆေးပြားအမှုန့်(၁)ဂရမ်၊ စတာတွေပါဝင်ပါတယ်။

ဒါ့အပြင် သမ္မတရုံးကို တိုင်ကြားလာတဲ့ သတင်းတွေထဲက   ပြည်ထဲရေးဝန်ကြီးဌာနက သြဂုတ် ၁၈ရက်အထိ အမှုပေါင်း ၁၅၃ မှု ဖွင့်လှစ် အရေးယူခဲ့ပြီး  တရားခံပေါင်း ၂၃၀ကျော် ဖမ်းဆီးရမိထားပါတယ်။

မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို ပြီးခဲ့တဲ့ ဇွန်လ ၂၆ရက်မှာ သမ္မတရုံးမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013