DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရှမ်းပြည်နယ်အနှံ့ မေတ္တာပို့ ဆုတောင်းပွဲကျင်းပ
DVB
·
August 20, 2018
ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရှမ်းပြည်နယ်အနှံ့ မေတ္တာပို့ ဆုတောင်းပွဲကျင်းပ
Donate to DVB

ရှမ်းပြည်နယ်တွင်း ပြည်သူလူထုတွေ နှစ်ရှည်လများခံစားနေရတဲ့ စစ်ဘေးဒဏ်၊ သဘာဝဘေးဒဏ် အရပ်ရပ်ချုပ်ငြိမ်းပြီး ကိုယ်စိတ်နှစ်ပါးအေးချမ်းစွာ နေထိုင်သွားနိုင်ဖို့ ဆုတောင်းပွဲတရပ်ကို ဒီကနေ့မနက် ၉ နာရီက ရှမ်းပြည်နယ်ရှိ နေရာအရပ်ရပ်မှာ တပြိုင်နက်တည်း ကျင်းပခဲ့ကြပါတယ်။

လက်ရှိ ရှမ်းပြည်အခြေအနေကို ကြည့်မယ်ဆိုရင် လက်နက်ကိုင်အဖွဲ့တွေကြားထဲ ပြည်သူ တွေ စစ်ဘေးရှောင်နေရသလို သဘာဝဘေးအန္တရာယ်တွေနဲ့လည်း ရင်ဆိုင်နေရတာကြောင့် သံဃာတော်တွေအနေနဲ့လည်း ပြည်သူတွေရဲ့ ဒုက္ခကို ထပ်တူခံစားရကာ ရှမ်းလက်နက်ကိုင် အချင်းချင်း ပစ်ခတ်မှုမရှိဖို့၊ ရှမ်းပြည်နယ်မှာရော ပြည်ထောင်စုတ၀န်းလုံးမှာပါ ပစ်ခတ်မှုတွေ ရပ်စဲဖို့၊ ဗုဒ္ဓလမ်းစဉ်နဲ့ မေတ္တာသုတ်ရွတ်ဖတ်ပြီး တဘက်တလမ်းကနေ ဆုတောင်းရခြင်းဖြ စ်တယ်လို့  ဆုတောင်းပွဲဖြစ်မြောက်ရေး ဗဟိုအဖွဲ့ဖြစ်တဲ့ ရှမ်းပြည်နယ်လုံးဆိုင်ရာသံဃာ့အဖွဲ့မှ ရုံးအဖွဲ့မှူး အရှင် ဉာဏသီရီက ဒီဗွီဘီကို မိန့်ပါတယ်။

“ငြိမ်းချမ်းရေးဆုတောင်းပွဲတွေအရင်ကလည်း ရှိခဲ့ပါတယ်။ ဒီကနေ့ကတော့ ရှမ်းပြည်နယ် တခုလုံးနဲ့ နိုင်ငံခြားရောက်ရှမ်းသံဃာတွေကြား ဆုတောင်းပွဲ တနေ့တည်း၊ တချိန်တည်း တပြိုင်နက်တည်းလုပ်တာတော့ ထူးခြားမှုပေါ့၊ ပထမဆုံးအကြိမ်ပေါ့။  ဗုဒ္ဓရာဇ၀င်အရ ဒီလ ၀ါခေါင်လဟာ မေတ္တာတရားစီးဖျန်းတဲ့လဖြစ်တယ်၊ ဗုဒ္ဓဘုရား သက်တော်ထင်ရှားရှိစဉ်က မေတ္တာတရားနဲ့ ရန်သူကို အောင်နိုင်တဲ့ သာဓကတွေ အများကြီးရှိခဲ့ပါတယ်၊ ဥပမာ ဘုရားကို အန္တရာယ်ပြုမယ့် မုန်ယိုနေတဲ့ နာရာဂီရိဆင်တော်ကြီးဟာ မေတ္တာသုတ်တန်ခိုးကြောင့် မာန်ေ လျာ့ ဥင်္ီးညွတ်သွားတယ်၊  ဘုန်းဘုန်းတို့တော့ မေတ္တာသုတ်ရဲ့ စွမ်းအားကိုယုံကြည်တယ်။”

ရှမ်းတပြည်နယ်လုံး ဆုတောင်းပွဲတပြိုင်နက်တည်းကျင်းပဖို့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ အစည်းအဝေးလုပ်ခဲ့ပြီး  အနယ်နယ်အရပ်ရပ်ကို ဆက်သွယ်နှိုးဆော်ထားရာမှာ ဒီကနေ့ မနက် ၉ နာရီမှာတော့ ပင်လုံ၊ ကွန်ဟိန်း၊ လဲချား၊ ခိုလမ်၊ ကျေးသီး၊ ကျိုင်းတုံ၊ နမ့်စန်၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ နမ့်ခမ်း၊ မူဆယ်၊  ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေအပြင် ထိုင်းနိုင်ငံ၊ သီဟိုနိုင်ငံ အစရှိတဲ့ ပြည်ပမှာရော သံဃာနဲ့ ပြည်သူ အတူတကွ မေတ္တာသုတ်ရွတ်ဖတ်ဆုတောင်းခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013