DVB Logo
Home
မြန်မာသတင်း
သံလွင်မြစ်ရေတက်ပြီး အီတူးထ ဒုက္ခသည်စခန်းရေမြုပ်
DVB
·
August 20, 2018
သံလွင်မြစ်ရေတက်ပြီး အီတူးထ ဒုက္ခသည်စခန်းရေမြုပ်
1 / 4
Donate to DVB

သံလွင်မြစ်ရေတက်လာတာကြောင့် သံလွင်မြစ်ဘေးမှာ တည်ဆောက်ထားတဲ့ အီတူးထ ပြည်တွင်းဒုက္ခသည်စခန်းက အိမ်ခြေနဲ့ ကျောင်းဘော်ဒါဆောင်တချို့ရေကြီးနစ်မြုပ်နေပါတယ်။

ပြီးခဲ့တဲ့  သီတင်းပတ်ကတည်းက တရိပ်ရိပ်တက်လာတဲ့ သံလွင်မြစ်ရေကြောင့် ဒီကနေ့ မနက်မှာဆိုရင် အိမ်ခြေ ၁၀ ကျော်နဲ့ ဘော်ဒါဆောင် ၂ ဆောင် ရေနစ်မြုပ်သွားတယ်လို့ အီတူးထဒုက္ခသည်စခန်းက ကျောင်းဆရာမ ဆီဖိုးက ပြောပါတယ်။

      “အခု အိမ်ထဲရေ၀င်တဲ့အိမ် ၁၀ လုံး၊ ဆေးရုံဝန်ထမ်းတွေနေတဲ့ နေရာမှာလည်း ရေ၀င်သွားတယ်။ ကျောင်းဘော်ဒါဆော် ၂ ခု ရေ၀င်နစ်မြုပ်သွားပြီ။ ရေတက်လို့ နစ်မြုပ်သွား တာက ၂ ရက်ရှိပြီး ဒီထက် တက်ရင်တော့ အိမ်တွေထပ်နစ်မြုပ်နိုင်သလို ဆေးရုံလည်း နစ်မြုပ်သွားနိုင်တယ်။”

အီတူးထဒုက္ခသည်စခန်းမှာ အရင်နှစ်တွေက ရေတက်တာရှိပေမယ့် အခုနှစ်လောက် မဆိုးရွားဘူးလို့ ပြောပါတယ်။

ရေ၀င်နစ်မြုပ်တဲ့အိမ်တွေမှာတော့ သူတို့နီးစပ်ရာ အသိအိမ်တွေသွားရောက်ခိုလှုံကြပြီး သွားရေးလာရေး အဆင်မပြေတဲ့အတွက် ကျောင်းတွေ ပိတ်ထားရတယ်လို့လည်း ဆရာမ ဆီဖိုးက ပြောပါတယ်။

အီတူးထ ဒုက္ခသည်စခန်းဟာ အစိုးရတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်တွေအကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ၂၀၀၆ ခုနှစ်ကစတင်တည်ရှိလာတာဖြစ်ပြီး လတ်ရှိ လူပေါင်း ၂၉၀၀ ကျော် ခိုလှုံနေပါတယ်။

Photo - Saw Tar Thoo

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013