DVB Logo
Home
မြန်မာသတင်း
မစ္စတာကင်တားနားကို မောင်တောတွင် ဆန္ဒပြ
DVB
·
July 31, 2012
မစ္စတာကင်တားနားကို မောင်တောတွင် ဆန္ဒပြ
Donate to DVB

မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားဟာ ဒီနေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် မောင်တောမြို့ကို ရဟတ်ယာဉ်နဲ့ ရောက်ရှိရာမှာ လူ ၂၀၀ လောက်က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ မျက်မြင်မြို့ခံတဦးက ပြောပါတယ်။

[caption id="attachment_28609" align="alignleft" width="300" caption="မစ္စတာကင်တားနား"][/caption]

မစ္စတာကင်တားနား မောင်တောမြို့ကို ဒီနေ့ နေ့ခင်း ၁ နာရီခွဲလောက်က ရဟတ်ယာဉ် ၂ စီးနဲ့ ရောက်ပြီး ကားတန်းထွက်လာတဲ့အချိန်မှာ မောင်တောမြို့ ဒေသခံလူထု ခန့်မှန်းခြေ ၂၀၀ ခန့်က ဆန္ဒပြကြကြပြီး ရပ်ကြည့်နေတဲသူနဲ့ဆို ၅၀၀ လောက်ရှိမယ်လို့ ခန့်မှန်းရတယ်လို့ သူက ပြောပါတယ်။ ​မောင်​တော​မြို့က သဇင်တည်းခိုခန်းအနီးတ၀ိုက်မှာ ဆန္ဒပြကြတာလို့ ဆိုပါတယ်။

မျက်မြင်မြို့ခံက “ကျနော်တွေ့တာကတော့ နိုင်ငံတော်သမ္မတရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါ။ တိုင်းရင်းသားတွေရဲ့ လူ့အခွင့်အရေးကို လေးစားပါ။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားပါ။ မျှမျှတတဆက်ဆံပါ အဲလို ဆိုင်းဘုတ်လေးတွေ ကိုင်ပြီးတော့ တချို့ကျလို့ရှိရင် နိုင်ငံတော်အလံကို ကိုင်ဆောင်ပြီးတော့ အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက် တောင်းဆိုတာကို တွေ့ရပါတယ်” လို့ ပြောပါတယ်။

မောင်တောမြို့မှာ လုံခြုံရေး တင်းကျပ်ထားပြီး ဆန္ဒပြပွဲကို ဟန့်တားတာမျိုးတော့ မတွေ့ရဘူးလို့ သူက ပြောပါတယ်။

မစ္စတာကင်တားနားဟာ ခရိုင်အဆင့်၊ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံပါတယ်။ နှစ်နိုင်ငံနယ်စပ်မှာ တည်ရှိတဲ့ မောင်တောမြို့မှာ ဘင်္ဂါလီလူမျိုးက အများစုဖြစ်ပြီး ရခိုင်လူမျိုးက အနည်းစုဖြစ်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခဖြစ်စဉ်မှာ ၇၈ ဦး အနည်းဆုံး သေဆုံးတယ်လို့ ထုတ်ပြန်ထားပြီး စိုးရိမ်ပူပန်မှု ထုတ်ဖော်ပြသခဲ့ပါတယ်။

မြန်မာအစိုးရက မစ္စတာကင်တားနားကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်ခဲ့သလို မနေ့ကလည်း ပြည်ထောင်စုအစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခကြောင့် ၇၇ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

မစ္စတာကင်တားနားဟာ ဇူ​လိုင်​ ​၂၉​ ​ရက်​နေ့​​က​ ​မြန်မာပြည်ကို ရောက်ရှိလာတာဖြစ်ပြီး အစိုးရ သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့သလို ဒီမိုကရေစီအင်အားစုတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

သူဟာ အစိုးရထိပ်တန်း တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံမှာဖြစ်သလို ဩဂုတ် ၄ ရက် ခရီးစဉ်ပြီးဆုံးရင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013