DVB Logo
Home
မြန်မာသတင်း
ဘက္ထရီအိုး ပေါက်ကွဲမှုကြောင့် ကလေးငယ် ၁ ဦး သေဆုံး
DVB
·
August 20, 2018
ဘက္ထရီအိုး ပေါက်ကွဲမှုကြောင့် ကလေးငယ် ၁ ဦး သေဆုံး
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း ခန္တီးမြို့နယ် မှန်ပင်ကျေးရွာမှာ ဘက္ထရီအိုးပေါက်ကွဲပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

သြဂုတ် ၁၉ ရက်နေ့ ည ၈ နာရီလောက်မှာ ဆိုလာပြားနဲ့ ချိတ်ဆက်သုံးစွဲတဲ့  ဘက္ထရီအိုး ပေါက်ကွဲခဲ့တာပါ။ မောင်နေလင်းအောင်က ဘက္ထရီအိုးဘေးမှာ ဖုန်းကြည့်နေတုန်း ဘက္ထရီအိုး ပေါက်ကွဲသွားပြီး သေဆုံးသွားတာလို့ သွားရောက်ကြည့်ရှုခဲ့သူ မှန်ပင်ရွာဒေသခံက ပြောပါတယ်။

မှန်ပင်ကျေးရွာနေ ဦးအေးကိုက “ကျနော်တို့ အသံကြားတာနဲ့ သွားကြည့်တယ်။ လူကတော့ အပိုင်းပိုင်းဖြစ်သွားတယ်။ အိမ်အမိုးပေါ်လည်း ပွင့်ထွက်သွားတယ်။ ပေါက်ကွဲမှု ပြင်းတယ်။ တခါမှတော့ မကြုံဖူးဘူး” လို့ ပြောပါတယ်။

နေအိမ်အနည်းငယ် ပျက်စီးခဲ့ပြီး ပစ္စည်းဆုံးရှုံးမှု တန်ဖိုးခန့်မှန်း ၁၅ဝဝဝဝ ရှိတယ်လို့ သိရပါတယ်။

မောင်နေလင်းအောင် (အသက် ၁၄ နှစ်) သေဆုံးမှုနဲ့ ပတ်သက်ပြီး ခန္တီးမြို့မရဲစခန်းက စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - အောင်ဆန်းမြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013