DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်သိန်းတန်၊ မို့မို့မြင့်အောင်နှင့် ရွှေမှုံရတီတို့ပါဝင်သည့် အဆိုတော်တွေ နေတဲ့ရွာရုပ်ရှင် (နမူနာ)
DVB
·
August 20, 2018
မြန်မာပြည်သိန်းတန်၊ မို့မို့မြင့်အောင်နှင့် ရွှေမှုံရတီတို့ပါဝင်သည့် အဆိုတော်တွေ နေတဲ့ရွာရုပ်ရှင် (နမူနာ)
Donate to DVB

မြန်မာပြည်သိန်းတန်၊ မို့မို့မြင့်အောင်နှင့် ရွှေမှုံရတီတို့ ခေါင်းဆောင်ပါဝင်ထားကြ တဲ့ “အဆိုတော်တွေနေတဲ့ရွာ” ရုပ်ရှင်ကားကို လာမယ့် သြဂုတ်လ ၂၄ ရက်နေ့မှာ ရုံတင်ပြ သတော့မှာ ဖြစ်ပါတယ်။


ဒီကားကိုတော့ အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ရာဇ၀င်ကိုက သူ ကိုယ်တိုင်ဇာတ်လမ်းရေးပြီး ကိုယ်တိုင်ဒါရိုက်တာအဖြစ် ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ် ပါတယ်။


ဂီတကို ၀ါသနာပါတဲ့သူတွေနေထိုင်တဲ့ ရွာတရွာအကြောင်းကို အခြေတည်ရိုက် ကူးထားတဲ့ ဒီကားထဲမှာ မိုက်ခဲရွာအိုင်ဒေါပြိုင်ပွဲနဲ့အတူ ဘယ်လိုရယ်မောစရာဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ ပုံဖော်ထားမလဲဆိုတာကို ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။


ဒီကားထဲမှာတော့ တခြားနာမည်ကြီးသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ မင်းမော်ကွန်း၊ ဇေရဲထက်၊ ခင်လှိုင်၊ ဒိန်းဒေါင် စတဲ့ သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြ တာ ဖြစ်ပါတယ်။


ဒီရုပ်ရှင်ကား အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က ရန်ကုန် မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။


ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ဒီရုပ်ရှင်ကား Trailer ကို ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၆ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013