DVB Logo
Home
မြန်မာသတင်း
လောင်းကစားဥပဒေကြမ်း ပြန်လည်ရေးဆွဲရန် တောင်းဆို
DVB
·
August 20, 2018
လောင်းကစားဥပဒေကြမ်း ပြန်လည်ရေးဆွဲရန် တောင်းဆို
Donate to DVB

လောင်းကစားဥပဒေကြမ်းကို အတည်မပြုဘဲ သုတေသနပြန်လုပ်ပြီး ရည်ရွယ် ချက်ကောင်းကောင်းနဲ့ ပြန်လည်ရေးဆွဲသင့်တယ်လို့ ၂၀၁၈ လောင်းကစား ဥပဒေကြမ်းဆိုင်ရာ ဆွေးနွေးပွဲက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

၂၀၁၈ လောင်းကစားဥပဒေကြမ်းဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီသလို လူ့အခွင့်အရေး ကြေညာစာတမ်းနဲ့လည်း မညီတာကြောင့် လွှတ်တော်မှာ အတည် မပြုသင့်တာလို့  တရားလွှတ်တော်ရှေ့နေ ဒေါက်တာ တက်နေထွန်းက ပြောပါတယ်။

Peace Law Firm က အငြိမ်းစားပြည်နယ် တရားသူကြီး ဦးတင်မြင့်က “ဥပဒေကြမ်းဟာ ရှုပ်ထွေးနေတာကြောင့် ဥပဒေအဟောင်းထက် ပိုဆိုးတယ်။ ဒါပေမယ့် ဥပဒေအဟောင်းက ဥပဒေကြမ်းထက်လည်း ဆိုးနေတယ်" လို့ ပြောပါတယ်။

ရန်ကုန်နိုင်ငံရေး သိပ္ဗံကျောင်းက အမှုဆောင် ဒါရိုက်တာ ဦးမြတ်ကိုကိုကတော့ မြန်မာနိုင်ငံက ဥပဒေတွေဟာ သုတေသနလုပ်ပြီးမှ ထွက်ခဲ့တာမျိုး မဟုတ်သလို ရည်ရွယ်ချက်မရှိတဲ့ ဒီဥပဒေကြမ်းကိုလည်း လွှတ်တော်က အတည်ပြုလိုက်ရင် ပြည်သူတွေ ဒုက္ခရောက်နိုင်တယ်လို့ ပြောဆိုဆွေးနွေးသွားပါတယ်။

“လွှတ်တော်ဟာ မတရားတဲ့ ဥပဒေမှန်သမျှ လွှတ်တော်ကို တင်လာရင် ပယ်ချနိုင်ရမယ်။ လောင်းကစားဥပဒေကိုတော့ ဒီမိုကရေစီ နည်းကျကျ ပြဋ္ဌာန်းပေးနိုင်ဖို့ လိုအပ်တယ်။ ဖမ်းဆီးချင်တဲ့ အခါမှာ အဆင်ပြေအောင် ပြဋ္ဌာန်းတဲ့ ဥပဒေမျိုး မဖြစ်သင့်ဘူး" လို့ ပြောပါတယ်။

ဥပဒေအတိုင်ပင်ခံ ဒေါ်နွယ်နွယ်လွင်ကတော့ လက်ရှိ တည်ဆဲဥပဒေကော ဥပဒေကြမ်း အပါဝင် ၉၀ နှုန်းလောက်အထိ ပြင်ဖို့လိုအပ်တယ်လို့ ဆွေးနွေးပြောဆိုသွားပါတယ်။

၂၀၁၈ လောင်းကစားဥပဒေကြမ်းဆိုင်ရာဆွေးနွေးပွဲကို ရန်ကုန်မြို့ Parkroyal Hotel မှာ သြဂတ် ၁၉ ရက်က ပြုလုပ်ခဲ့ပြီး ဆွေးနွေးက ရလဒ်တွေကို ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီထံကို ပေးပို့သွားဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013