DVB Logo
Home
မြန်မာသတင်း
မဘိမ်းနှင့်မိုးမိတ်မြို့နယ်တို့တွင် ငွေကျပ်သိန်း ၄ သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
August 20, 2018
မဘိမ်းနှင့်မိုးမိတ်မြို့နယ်တို့တွင် ငွေကျပ်သိန်း ၄ သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
Donate to DVB

မဘိမ်းနဲ့ မိုးမိတ်မြို့နယ်တွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ငွေကျပ်သိန်းပေါင်း ၄၀၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းနှင့် မိုးမိတ်မြို့နယ်အတွင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် သြဂုတ် ၁၄ ရက်မှ ၁၉ ရက်အထိ ငွေကျပ်သိန်းပေါင်း ၄၀၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။

သြဂုတ် ၁၄ ရက် မွန်းလွဲ ၂ နာရီလောက်က မိုးမိတ်မြို့နယ်၊ မိုးလိုကျေးရွာရဲ့ မြောက်ဘက် ၇ မိုင်လောက်အကွာရှိ တဲဟောင်းမှာ နမ့်ဆန်မြို့နယ်၊ အထက် ပဒေါင်းကျေးရွာနေ ဦးစွမ်သား (ဘ) ဦးချွမ်းသားအား ငွေကျပ်သိန်းပေါင်း ၁၆၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၃၄၆၀ ဂရမ်၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇၅၄၀၀၀ ပြားနဲ့ 88/1 စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား အပြား ၆၀၀၀ နဲ့ အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ဆက်စပ်သတင်းတွေအရ သြဂုတ် ၁၅ ရက်မှာလည်း မဘိမ်းမြို့ရဲ့ အရှေ့တောင်ဘက် လူနေတဲ ၂ လုံးအနီးမှ ငွေကျပ်သိန်း ၁၇၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ဂရမ် ၁၀၀၊ 88/1 စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၄၅၄၀ ပြား၊ စီပိန်းကျေးရွာ အရှေ့တောင်ဘက် လူနေတဲ ၂ လုံးအတွင်းမှ ငွေကျပ် ၁၁ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃ ဂရမ်လောက်နဲ့ 88/1 စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၄၃၄ ပြားကို ဖမ်းဆီးမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

သြဂုတ် ၁၇ နေ့လယ် ၁၁ နာရီခွဲလောက်ကလည်း မိုးမိတ်မြို့နယ်၊ မိုးလိုကျေးရွာနေ ဦးအိုက်ထွန်း(ဘ) ဦးစံဦးရဲ့ နေအိမ်မှာ ငွေကျပ် ၆၄၀၀၀၀ ကျော်တန်ဖိုးရှိ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၃၂၁ ပြား သိမ်းဆည်းမိခဲ့ပါတယ်။

သြဂုတ် ၁၈ ရက် မနက် ၃ နာရီခွဲလောက်မှာလည်း မဘိမ်းမြို့နယ်၊ စီပိန်းကျေးရွာရဲ့ အရှေ့တောင်ဘက် ခြုံအတွင်းမှ ဆာလာအိတ်နဲ့ ထုပ်ထားတဲ့ ငွေကျပ်သိန်းပေါင်း ၁၈၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၂၀၀ ဂရမ်၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား အပြား ၈၀၀၀၀၀ နဲ့ 88/1 စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား အပြား ၂၄၀၀၀ တို့ကို သိမ်းဆည်းမိခဲ့တယ်လို့ ဆိုပါတယ်။

သြဂုတ် ၁၈ ရက် မနက် ၇ နာရီလောက်နဲ့ မွန်းလွဲ ၂ နာရီလောက်မှာလည်း စီပိန်း ကျေးရွာရဲ့ အရှေ့ဘက်မှာ ငွေကျပ် သိန်းပေါင်း ၇၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၂၁၀ ဂရမ်၊ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား အပြား ၃၀၅၀၀၀ နဲ့ 88/1 စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား အပြား ၂၀၀၀၀၊၊ ညန ၄ နာရီခွဲလောက်မှာလည်း စီပိန်းကျေးရွာရဲ့ အရှေ့တောင်ဘက်ရှိ တဲအတွင်းမှ နမ္မတူမြို့၊ အမှတ်(၈) ရပ်ကွက်နေ ရွှေထူး (ဘ) ဦးစံလင်းအား ငွေကျပ် ၁၇၀၀၀၀ ကျော်တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၈၈ ပြားနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိသူတွေနဲ့ မူးယစ်ဆေးဝါးတွေကို မဘိမ်းမြို့နယ်နဲ့ မိုးမိတ်မြို့နယ်တွေက ရဲစခန်းတွေမှာ စနစ်တကျအပ်နှံထားရှိပြီး တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013