DVB Logo
Home
မြန်မာသတင်း
မြစ်ရေမြင့်တက်မှုကြောင့် ပြည်နယ်နှင့်တိုင်းအချိုတွင် ကမ်းပါးပြို၍ နေအိမ်များ ရွှေ့ပြောင်း
DVB
·
August 19, 2018
မြစ်ရေမြင့်တက်မှုကြောင့် ပြည်နယ်နှင့်တိုင်းအချိုတွင် ကမ်းပါးပြို၍ နေအိမ်များ ရွှေ့ပြောင်း
Donate to DVB

ရန်ကုန်၊ ဧရာဝတီတိုင်းနဲ့ ကရင်ပြည်နယ်မှာ မြစ်ရေတွေ မြင့်တက်လို့ ကမ်းပါးပြို နေအိမ်ပြိုတာအပြင် လေပြင်းတိုက်လို့လည်း အိမ်တွေ ပျက်စီးခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

မနေ့က ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်မှာ ဧရာဝတီမြစ်ရေမြင့်တက်လာလို့ အေးရွာကျေးရွာနဲ့ နောက်တရွာမှာ အိမ် ၁၉ လုံးကို ဖျက်ပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ သောင်တန်းတာကွင်းရွာမှာလည်း မနေ့ညနေပိုင်းက တိုးမြစ်ရေ တိုက်စားလို့ အိမ် ၂ လုံးဖျက်ပြီး ပြောင်းရွှေ့ခဲ့ရသလို ညပိုင်းမှာတော့ အင်္ဂပူမြို့နယ်၊ ကြို့ကုန်းရွာက ဉာဏ်တော်အမြင့် ၉ တောင်၊ လုံးပတ် ၁၂ တောင်ရှိတဲ့ စေတီတော် ၁ ဆူ မြစ်ထဲကို မျောပါသွားခဲ့ပါတယ်။

ကရင်ပြည်နယ်မှာတော့ မနေ့ နေ့လယ်ပိုင်းက မိုးရွာပြီး လေပြင်းတိုက်လို့ လှိုင်းဘွဲမြို့နယ်၊ ဒေါ်လန်းရွာက အိမ် ၁ဝ လုံး အမိုးလန် ပျက်စီးပြီး ညနေဘက်မှာလည်း ဟောင်သရော မြစ်ရေမြင့်တက်လာလို့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ အမှတ် ၁၊ ၂ နဲ့ ၃ ရပ်ကွက်တွေကို ရေတွေဝင်ပြီး အိမ်ထောင်စု ၄ဝ ကျော် နေအိမ်ကနေ ပြောင်းရွှေ့ခဲ့ရပါတယ်။

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်၊ မကျီးကုန်းရွာမှာ ဧရာဝတီမြစ်ရေဝင်ပြီး သစ်ပင်လဲကျလို့ အိမ် ၂ လုံးပိမိ ပျက်စီးခဲ့ပါတယ်။

မနေ့ညပိုင်းက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အင်ပင်ရွာက လယ်ထဲမှာ ပျိုးနုတ်နေတဲ့ အသက် ၄ဝ အရွယ်အမျိုးသားတယောက်ကို မိုးကြိုးပစ်ခံရပြီး သေဆုံးသွားသလို ဖောင်းပြင်မြို့နယ်မှာလည်း အိမ် ၂ လုံးတပြိုင်တည်း မိုးကြိုးပစ်ခံရလို့ နွား ၂ ကောင်သေဆုံးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013