DVB Logo
Home
မြန်မာသတင်း
အိုးပုတ်ပွဲတော် မန္တလေးတွင် ကျင်းပ
DVB
·
August 19, 2018
အိုးပုတ်ပွဲတော် မန္တလေးတွင် ကျင်းပ
1 / 7
Donate to DVB

မန္တ​လေး​ အောင်​​မြေသာစံမြို့နယ်​ အိုးဘိုပတ္တမြားတောရပ်​မှာ နှစ်​​ပေါင်းများစွာ နှစ်​စဉ်​မပျက်​ အိုးပုတ်​ပွဲ​တော်​ကျင်းပခဲ့ပါတယ်​။

အိုးပုတ်​ပွဲ​တော်​ကို လွန်​ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အစဉ်​အလာမပျက်​ကျင်းပခဲ့ ကြတာဖြစ်​ပြီး ပွဲ​တော်​ရက်​ကို​တော့ ဝါ​ခေါင်​လဆန်း ၈ ရက်​​နေ့ကို သတ်​မှတ်​ခဲ့​ပေမယ့်လည်း ဒီပွဲ​တော်​နဲ့ ပတ်​သက်​ပြီး လူမူကွန်​ရက်​မှာ ပျံ့နှံ့ခဲ့တာ​ကြောင့် လူသိများပြီး ဝါ​ခေါင်​လဆန်း ၈ ရက်​​နေ့မတိုင်​မီ ကြိုတင်​လာ​ရောက်​ကြသူတွေနဲ့ စည်​ကားနေပါတယ်​။

ရှေးအရင်​ကပင်​​ တောင်​ပြုံးပွဲ​တော်​ကို သွား​ရောက်​ကြတဲ့ ပွဲ​တော်​လာပရိသတ်​တွေက ဒီ​ဒေသမှာ ခရီးတ​ထောက်​နားရင်း အိုးပုတ်​ပွဲ​တော်​ကို ​ပျော်​ရွှင်​စွာ ဆင်​နွှဲခဲ့ကြတာပါ။

အိုးဘိုရပ်​ကွက်​​ဒေသခံ​တွေကလည်း သိသူ​ရော မသိသူ​ရောကို ​ဆွေမျိုးရင်းခြာ သ​ဘောထားကြပြီး ဆနွင်းမကင်း၊ ကြာဇံဟင်းခါး၊ မုန့်​ဟင်းခါး၊ ​ကျောက်​​ကျော၊ ထိုးမုန့်​လမုန့်​စတဲ့ မုန့်​တွေကိုလည်း ဧည့်​ခံ​ကျွေး​မွေးကြတဲ့ ဓ​လေ့ဟာလည်း အရမ်းချစ်​စရာ​ကောင်းတဲ့ အိုးပုတ် ​(ခိုး)ပွဲ​တော်​ သို့ အိုးပုတ်​ပွဲ​တော်​ကြီးလည်း ဖြစ်​ပါတယ်​။

စစ်​ကိုင်း ငါးထပ်​ကြီး၊ ဆေးအိုးဘို၊ တပ်​ကြီး​ကျေးရွာ၊ ကြည့်မြင်တိုင်​၊ ဘုန်း​တော်​နိုင်​ငံ၊ေ​ကျာက်​​မြောင်း၊ နွယ်​ငြိမ်းစတဲ့​ဒေသ​တွေက လာ​ရောက်ပြီး နှစ်​စဉ်​မပျက်​​ရောင်းချကြတဲ့ အိုးပုတ်​ပွဲ​တော်​ကြီး ဖြစ်​ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013