DVB Logo
Home
မြန်မာသတင်း
စံချိန်တင်မြင့်တက်ခဲ့သည့် ဒေါ်လာဈေး အနည်းငယ်ကျဆင်း
DVB
·
August 19, 2018
စံချိန်တင်မြင့်တက်ခဲ့သည့် ဒေါ်လာဈေး အနည်းငယ်ကျဆင်း
Donate to DVB

တဒေါ်လာကို ၁၅၇၀ ကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့တဲ့ ဒေါ်လာဈေးဟာ မနေ့ကတော့ ၁၄၉၅ ကျပ်အထိ ပြန်လည်ကျဆင်းလာပါတယ်။

ဇူလိုင်လဆန်းကတည်းက မြင့်တက်လာနေတဲ့ ဒေါ်လာဈေးဟာ လကုန်ပိုင်းမှာတော့ ၂၀၁၆ ခုနှစ်ရဲ့ အမြင့်ဆုံးစံချိန်ထက် ပိုမြင့်သွားတာပါ။

ဇူလိုင် ၁၈ ရက်မှာ ၁၄၂၄ ကျပ်ကနေ ဇူလိုင် ၃၁ မှာတော့ ၁၄၄၃ ကျပ်အထိ ဖြစ်လာပါတယ်။ ၂၀၁၆ ခုနှစ်ကတော့ အမြင့်ဆုံး ၁၄၃၈ ကျပ်အထိပဲ ရှိခဲ့တာပါ။

ဒါ့အပြင် ၂၀၁၈၊ သြဂုတ် ၁၃ ရက်နေ့မှာ နိုင်ငံခြားငွေလဲနှုန်းအတွက် ဗဟိုဘဏ်ရဲ့ ရည်ညွှန်း ငွေလဲနှုန်းဘောင်သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်ပြီး နောက်ရက်မှာပဲ ဒေါ်လာဈေး ဟာ ၁၄၈၈ ကျပ်ဖြစ်သွားပါတယ်။

ဒီအချိန်မှာပဲ ဗဟိုဘဏ်က အရန်ငွေတွေကိုလေလံစနစ်နဲ့ ထုတ်ရောင်းနေခဲ့ပါတယ်။ ဇူလိုင် ၂၆ ရက်က စရောင်းတာဖြစ်ပြီး သြဂုတ် ၁၆ ရက်မှာဆိုရင် ဒေါ်လာ ၄ သန်းလောက်အထိ ရောင်းချပေးခဲ့တယ်လို့ ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးစိုးသိန်းက နိုင်ငံပိုင်သတင်းစာကို ပြောဆိုပါတယ်။

ဒါ့အပြင် ကျပ်ငွေကို ဗဟိုဘဏ်မှာ အပေါင်ထားပြီး နိုင်ငံခြားငွေကို ကာလသတ်မှတ်ပြီးချေးပေးတဲ့ Cuurrency SWAP စနစ်ကို စတင်တော့မယ်လို့လည်း သူက ပြောပါတယ်။

လွတ်လွတ်လပ်လပ် ဈေးဖွင့် ရောင်းချကြရလို့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက တဒေါ်လာကို ၁၅၇၀ ကျပ်အထိ မြင့်တက်ခဲ့တာပါ။

အမြင့်ဆုံးတက်နေတဲ့ ဒေါ်လာဈေးဟာ သြဂုတ် ၁၆ ရက်မှာပဲ ၁၅၃၀ ကျပ်၊ ၁၇ ရက်နေ့မှာ ၁၅၁၀ ကျပ်၊ ၁၈ ရက်နေ့မှာတော့ ၁၄၉၅ ကျပ်အထိ ပြန်လည်ကျဆင်းလာပါတယ်။

ဒါ့အပြင် ပြည်တွင်းရွှေ ဈေးနှုန်းဟာလည်း တကျပ်သားကို ၉၅၆,၀၀၀ ဝန်းကျင်ကနေ မနေ့ကတော့ ၉၅၀,၅၀၀ အထိ ပြန်လည် ကျဆင်းလာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013