DVB Logo
Home
မြန်မာသတင်း
FREDA ၁၅ ကြိမ်မြောက် နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေး ကျင်းပ
DVB
·
August 19, 2018
FREDA ၁၅ ကြိမ်မြောက် နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေး ကျင်းပ
Donate to DVB

သစ်တောသယံဇာတ ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (FREDA)ရဲ့ ၁၅ ကြိမ်မြောက် နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေးကို သြဂုတ်လ ၁၉ ရက်နေ့က ရန်ကုန်မြို့ IBC မှာ ကျင်းပခဲ့ပါတယ်။

FREDA အသင်းဟာ ဧရာဝတီတိုင်းဒေသကြီးမှာ ဒီရေတောထိန်းသိမ်းရေးကို အထူး အလေးထားဆောင်ရွက်နေတဲ့အဖွဲ့ဖြစ်ပြီး နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးကတည်းက မုန်တိုင်းဒဏ်ခံ အရေးပေါ်ခိုလှုံရေးစခန်းတွေ သစ်ပင်နဲ့ ဒီရေတော စိုက်ပျိုးနည်း သင်တန်းတွေ ပေးနေတဲ့ အဖွဲ့တခုပါ။

FREDA အသင်းဟာ သဘာဝဘေးအန္တရာယ်လျှော့ချရေးနဲ့ ပြည်လည်ထူထောင်ရေး စီမံကိန်းလုပ်ငန်းတွေကို ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ၂၀၁၉ ခုနှစ်အတွက် ရွေးချယ်ခံရတဲ့ ဗဟိုကော်မတီဝင်တွေက ပြောပါတယ်။

မကြာသေးမီက ကွယ်လွန်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဦးအုန်းဟာ ဖရီဒီအသင်းမှာ ဒုဥက္ကဋ္ဌအဖြစ် အချိန်ကြာမြင့်စွာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013